ပွာတိုရီကိုနိုင်ငံအတွက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို တင်းနစ်မယ် မိုနီကာပွတ်ရှ် ရယူပေး
ပွာတိုရီကိုနိုင်ငံမှ တင်းနစ်မယ်ဖြစ်သူ မိုနီကာပွတ်ရှ်သည် အိုလံပစ်အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျာမနီ နာမည်ကျော်တင်းနစ်သမား ခါဘာကို အနိုင်ယူကာ နိုင်ငံအတွက် ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ဆုအား ဆွတ်ခူးပေးခဲ့ကြောင်းသိရသည်။
ခါဘာသည် သြစတတြေးလျအိုးပင်း ချန်ပီယံဖြစ်သလို ဆီဒင်အဆင့်(၂)ရှိခဲ့သော်လည်း ဆီဒင်(၃၄)သာရခဲ့သည့် မိုနီကာပွတ်ရှ်ကို အသာမရခဲ့သည့်အပြင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
မိုနီကာပွတ်ရှ်သည် ခါဘာနှင့် (၂)နာရီ၊ (၉)မိနစ်ကြာသည်အထိ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ၆-၄၊ ၄-၆၊ ၆-၁ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အသက်(၂၂)နှစ်အရွယ်သာရှိသေးသူ မိုနီကာပွတ်ရှ်အနေဖြင့် ပွာတီရီကို နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ရယူခဲ့သူအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။
REF:Daily Mail
Photo:AFP