ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးသူများ၏ သဘောထားအမြင်

နေပြည်တော်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင်ပြုလုပ်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ပါတီများမှ ကိုယ်စားပြုတက်ရောက်ဆွေးနွေးကြသောပုဂ္ဂိုလ်များအနေဖြင့် ပါတီ၏နိုင်ငံရေးမူသဘောချမှတ်လုပ်ဆောင်မှုအပေါ် သဘောထားအမြင်များကို တွေ့ဆုံမေးမြန်း စုစည်းတင်ပြ လိုက်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ဆွေးနွေးခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်ပါတီကိုယ်စားပြုကိုယ်စားလှယ် ၂ဝဝ ကျော်တက်ရောက်ခဲ့သည့်အနက် တိုင်းရင်းသားဒေသအလိုက် ဆွေးနွေး ခဲ့သူသုံးဦးနှင့် လက်ရှိပါတီနိုင်ငံအပေါ် အခြေပြုဆွေးနွေးခဲ့သည့်သူတစ်ဦးတို့၏ သဘောထားအမြင်များအား အောက်ဖော်ပြပါအတိုင်း တင်ဆက်လိုက်ရခြင်းဖြစ်သည်။

တက္ကသိုလ်မြတ်သူက”ဒီနေ့ ဖြစ် နေကြတဲ့ လှုပ်ရှားနေကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဒီမိုကရေစီနဲ့လျော်ညီသော ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေကို ကိုယ်မြင်သလိုသန်ရာသန်ရာ ပြောကြတယ်။ လုပ်နေကြဆောင်ရွက်နေ ကြတယ်။ အခု အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြတဲ့အဖွဲ့တွေလည်း ရှစ်ဖွဲ့ လောက်ရှိလာပြီ။ တချို့အဖွဲ့တွေလည်း မထိုးသေးဘူးပေါ့။ အဲဒါတွေကို သူက ကိုယ့်နိုင်ငံသားချင်း မသင့်မြတ်ရာကနေ ပြန်လည်ပြီးတော့ သင့်မြတ်အောင် လုပ် ရတယ်။ ပြန်လည်ပြီးတော့ သင့်မြတ်မှ လည်း၊ ချစ်ချစ်ခင်ခင် ဖြစ်လာမှလည်း ညီညီညွတ်ညွတ် ရှိမှာပေါ့။ ညီညွတ်မှ လည်း ပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေး၊ တည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေ အကုန်လုပ်လို့ရမယ်။ ဒါ့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ပထမအဆင့်အနေနဲ့ အပစ်အခတ်ရပ်စဲရ တယ်။ တစ်ယောက်နဲ့တစ်ယောက်တိုက် နေရင် ငြိမ်းချမ်းရေးစကားပြောဖို့ကလည်း အဓိပ္ပာယ်မရှိဘူး။ ဟိုဘက်တိုက်လိုက် ဒီဘက်မှာ ပခုံးဖက်ပြလိုက်လုပ်လို့မရဘူး။ တကယ့်ကို တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်ချင်တော့ဘူးဆိုတာပြဖို့က အပစ်အခတ် အရင်ရပ်စဲရတယ်။ အဲ့ဒီ့ အခါကျမှ မိမိတို့ရဲ့ သဘောထားတွေ၊ အားလုံးသောလက်နက်ကိုင်တွေရဲ့သဘော ထားတွေ ဒီပြည်ထောင်စုမှာရှိကြတယ်။ အားလုံးသော ပြည်သူတွေရဲ့ဆန္ဒတွေ၊ သဘောထားတွေဖော်ထုတ်ဖို့အတွက် နိုင်ငံ ရေးညီလာခံကြီးတွေလုပ်ကြတယ်။ နိုင်ငံ ရေး ညီလာခံကြီးတွေ လုပ်တဲ့အခါကျ တော့ ကိုယ်လိုရာဆန္ဒတွေ ပြောကြတာ ပေါ့။ ညှိကြမယ်၊ နှိုင်းကြမယ်။ အဲ့ဒီ့မှာ အများသဘောတူရသွားလည်းရှိတယ်။ မရတာလည်းရှိမယ်။ အဲဒီ့အခါ ကိုယ်လို တာမရလည်းတိုင်းပြည်ရဲ့မျက်နှာထောက် ပြီးတော့ ကျန်တဲ့လူတွေ သဘောတူတာ လိုက်လျောရတာလည်း ရှိလာမှာပဲ။ သို့ သော်လည်း အခြေခံဥပဒေမှာ ပြထားတဲ့ အတိုင်း ပြည်ထောင်စုကြီးမပြိုကွဲဖို့လည်း လိုတယ်။ ဒီမြန်မာနိုင်ငံကြီးက သူများ နိုင်ငံတွေကို ကျူးကျော်တိုက်ခိုက်သိမ်း ပိုက်ပြီးစုထားတဲ့နိုင်ငံမဟုတ်ဘူး။ မြန်မာ နိုင်ငံဆိုတာ အစကတည်းကရှိတယ်။ အားလုံးက ဒီထဲမှာအတူနေကြတာ။ အဲဒီ့ တော့ ဒီမြန်မာနိုင်ငံသားတွေက မိမိနိုင်ငံ ကိုမိမိ စောင့်ရှောက်ရမယ်။ ငြိမ်းချမ်းသာ ယာပြီး ဖွံ့ဖြိုးတိုးတက်နေအောင်လုပ်ရ မယ်။ အဲ့ဒီ့အတွက် အခုစကားပြောနေ ကြတာ ပြည်ခိုင်ဖြိုးကလည်း သူတို့ပါတီ ရဲ့အာဘော်ကိုပြောတော့မယ်။ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးအတွက် လုပ် ကြမယ့် တိုင်းရင်းသားနိုင်ငံရေးဆွေးနွေး ပွဲကြီးပေါ့နော်။ ၂၁ပင်လုံရာစုတို့၊ ၂၁ရာစု ပင်လုံညီလာခံတို့စသည်ဖြင့် သူတို့ပထမ နာမည်စခံကြတာပေါ့။ အဲ့ဒီတော့ ပင်လုံ ညီလာခံဆိုရင်တော့ ပင်လုံမှာမလုပ်ဘဲနဲ့ နေပြည်တော်မှာလုပ်တာ။ ပင်လုံညီလာခံ ဖြစ်မလားဆိုတာ စကားပြောလာကြပြီ” သဘောထားအမြင်ကို ထုတ်ဖော်ပြော ကြားခဲ့ခြင်းဖြစ်သည်။

• • •
ဒေါက်တာဘမော် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ”အလွန် ကောင်းတဲ့ဆွေးနွေးပွဲပါ။ ဒီလိုပွဲမျိုး ခဏ ခဏလုပ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆို ဒီမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး လည်း စုံတယ်။ အတွေ့အကြုံချင်း၊ အသိ ပညာချင်းဖလှယ်လို့ရတယ်။ ပြီးတော့ ဘာလုပ်ကြမယ်ဆိုတာလည်းပဲ လမ်းစဉ် ချမှတ်လို့ရတယ်။ အဲဒါကြောင့်မို့လို့ အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒါအရင် ကျွန် တော်တို့လုပ်ခဲ့တာမှန်တယ်။ ဒီအပေါ်ပဲ ကျွန်တော်တို့ရပ်တည်မှာပဲ။ အခု ပင်လုံ လို့ပြောတဲ့ဟာကို ပင်လုံစာချုပ်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေဘာတွေ ပင်လုံစာချုပ် အချက်အလက်တွေက ပြန်အကောင် အထည်ဖော်ရမှာလား၊ပင်လုံကတိကဝတ် ဆိုတာတွေကရှုပ်ကုန်တော့မယ်။ကျွန်တော် တို့ အခုလုပ်နေတာတွေက အနည်းဆုံး မတွေ့ဖူးဘူး။ သေနတ်နဲ့ပစ်ခတ်နေတဲ့ အခြေနေတွေကနေပြီး စားပွဲဝိုင်းမှာ မျက် နှာချင်းဆိုင်လာအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါတစ်ချက်၊ နောက် ခင်မင်ရင်းနှီးလာပြီဆိုရင် နောက်တစ်ဆင့် ထပ်ဆွေးနွေးဖို့မခဲယဉ်းတော့ဘူး။ အဲ့ဒီလို ဖြစ်တော့မှ သူ့ဘက်အခက်အခဲ ကိုယ့် ဘက် အခက်အခဲ စတဲ့အရာလေးတွေကို ညှိယူနိုင်တဲ့အနေအထား ကျွန်တော်တို့ ပါတီက ရနေပါတယ်။ရည်ရွယ်ချက်ကြီး က ဒါကြီးပါပဲ”ဟု န၄င်းက ထုတ်ဖော် ပြောသည်။

• • •
ယင်းနည်းတူစစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီဝင် ဦးရူစံကြူး(နာဂ)နှင့် တွေ့ဆုံမေးမြန်းမှုပြုရာတွင်လည်း”လက်ရှိ အနိုင်ရအစိုးရအနေနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံဆိုတာ နိုင်ငံရဲ့နိုင်ငံရေးကံကြမ္မာ တစ်ခုကိုအပြောင်းအလဲဖြစ်သွားနိုင်တယ်။ နိုင်ငံတော်ရဲ့ ပြည်သူရဲ့ကံကြမ္မာကိုလည်း အကျိုးသက်ရောက်မှုတစ်ခုဖြစ်သွားနိုင် တဲ့ နိုင်ငံရေးဆောင်ရွက်ချက်တစ်ခုဖြစ်ပါ တယ်။ အဲ့ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပါတီဥက္ကဋ္ဌ အပါအဝင်ရပ်/ကျေးမှစပြီး မြို့နယ်ပါတီ၊ တိုင်းဒေသကြီး ပါတီအသီးသီးက ပြည် တွင်းငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လို သဘောထားလဲ၊ ဘယ်လိုခံယူထားလဲ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတဲ့ ကိစ္စကို အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ် အနေနဲ့နားလည်ပြီး အစုအဖွဲ့တွေခွဲပြီး သမိုင်းအကြောင်းနဲ့ ပညာရှင်တွေနဲ့အကြံ ပြုချက်တွေနဲ့ လက်ရှိ ကိုယ်ကိုယ်တိုင် ဆောင်ရွက်ခဲ့တဲ့ တွေ့ကြုံဖြတ်သန်းရတဲ့ အတွေ့အကြုံတွေနဲ့ အကောင်းဆုံးမူဝါဒ တွေ ချမှတ်နိုင်ဖို့ အရေးကြီးတဲ့လုပ်ငန်း စဉ်တွေကို ကျွန်တော်တို့ဆွေးနွေး ဆောင် ရွက်နေတာပါ။ ဒါတွေအားလုံးကိုပေါင်း စည်းပြီးတော့ ငြိမ်းချမ်းရေးမူကို လက်ရှိ NLD အစိုးရက ဦးဆောင်ပြီးလုပ်တဲ့ ၂၁ ပင်လုံညီလာခံကို ကျွန်တော်တို့ပါတီရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ခံယူတဲ့ သဘောထားကျင့်ကြံဆောင်ရွက် နေတဲ့ မူဝါဒတွေ၊ စာတမ်းတွေကို တင် သွင်းသွားဖို့အတွက် ရည်မှန်းချက်ထား ပြီးဆောင်ရွက်နေတာပါ”ဟုပြောသည်။
• • •
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ပြည်နယ်ကော်မတီဝင်ဦးစောမြ ဝင်းကလည်း ”ဒီနေ့အလုပ်ရုံဆွေးနွေးပွဲ လုပ်တာကတော့ အချက်သုံးချက်ရှိတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မကြာမီကျင်းပတော့မှာဖြစ်တဲ့အတွက် အဲ့ဒီညီလာခံကိုတင်ဖို့အတွက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာတွေကို ချမှတ် နိုင်ဖို့၊အဲ့ဒီငြိမ်းချမ်းရေးမူဝါဒတွေကို တိုင်း ဒေသကြီးနဲ့ ပြည်နယ်ပါတီဝင်တွေက သိရှိနားလည်ပြီး ဆွေးနွေးချက်တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အထောက် အကူဖြစ်ဖို့၊ အလုပ်ရုံဆွေးနွေးပွဲက ရရှိ လာတဲ့ ဆွေးနွေးချက်တွေကို မကြာမီ ဒုတိယအကြိမ်ပါတီညီလာခံမှာတင်ပြပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပတာပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲ ပြီးရင် ကိုယ့်ရဲ့ဒေသခံလူထုကို ပါတီဝင် တွေကတစ်ဆင့် ငြိမ်းချမ်းရေးကိစ္စနဲ့ပတ် သက်ပြီး ပြည်ထောင်စုအဆင့်မှာဘယ် လိုဆွေးနွေးခဲ့လဲ၊ ချမှတ်ထားတဲ့လမ်းစဉ် တွေကိုအောင်မြင်အောင် ဘယ်လိုဆောင် ရွက်မလဲဆိုတာကို လက်ဆင့်ကမ်းပြီး ပြန်လည်ဝေမျှပေးမယ်”ဟူ၍လည်း ¤င်း သဘောထားကို ပြောကြားခဲ့သည်။
ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ခံအစိုးရ လက်ထက်မှသည် လက်ရှိတွင် ယခု အာဏာရ အစိုးရသက်တမ်းကာလအထိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးကိစ္စရပ် လုပ်ငန်းစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက် အကောင်အထည်ဖော်ပြုလုပ်မှုများရှိခဲ့ရာ လက်ရှိကာလ၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲ အဆုံးအဖြတ်အရ အစိုးရမဖွဲ့နိုင်ခဲ့သော် လည်း အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့်ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လိုလား မှုရှိသော မူသဘောများကို ဖော်ဆောင် ခြင်းဖြင့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲများမှ ရရှိသော ရလဒ်များကို အတည်ပြုချမှတ် နိုင်ပါက မြန်မာနိုင်ငံ၌ များမကြာမီပြုလုပ် တော့မည့်၂၁ရာစုညီလာခံတွင် တင်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။

Union daily


Leave a Reply