ဒါကာ စားသောက်ဆိုင်တိုက်ခိုက်မှုနောက်ကွယ်ကကြိုးကိုင်သူအဖြစ် သံသယရှိသူနှစ်ဦးကိုဖမ်းဆီး

164984984

ဒါကာ သြဂုတ် ၃

ဘင်္ဂလားဒေ့ရှ်ရဲများသည် မြို့တော်ဒါကာ စားသောက်ဆိုင်တိုက်ခိုက်မှု၏ နောက် ကွယ်က ကြိုးကိုင်သူများအဖြစ် သံသယ ရှိသည့် လူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်တွင် သြဂုတ် ၃ ရက်က ဖော်ပြခဲ့သည်။

သံသယရှိသူများဖြစ်သည့် ကနေဒီ ယန်-ဘင်္ဂလားဒေ့ရှ် တမင်ချောင်ဒရီနှင့် ယခင်တပ်မတော်အရာရှိဟောင်း ဆိုင်းဇီ အူဟိတ်တို့နှင့် သက်ဆိုင်သောသတင်း ပေးနိုင်သူများကို ငွေသားဆုများပေးမည် ဖြစ်ကြောင်း လွန်ခဲ့သောအဂ¯နေ့က ကြေညာခဲ့သည်။ သံသယရှိသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၆ဝဝဝ ပေးမည် ဖြစ်ကြောင်း ရဲအဖွဲ့က ကြေညာခဲ့သည်။

ယင်းဖမ်းဆီးရမိသူ နှစ်ဦးသည် လွန်ခဲ့သောလ ဇူလိုင် ၁ ရက်က ဒါကာ စားသောက်ဆိုင် တိုက်ခိုက်မှုတွင် ကြိုးကိုင်သူများဖြစ်မည်ဟု ယုံကြည်ကြောင်း ရဲအဖွဲ့က ပြောခဲ့သည်။ ယင်း စားသောက်ဆိုင် တိုက်ခိုက်မှုတွင် ဂျပန်လူမျိုး ခုနစ်ဦးအပါအဝင် လူ ၂ဝ သေဆုံးခဲ့သည်။

ချောင်ဒရီသည် ပြည်တွင်းအကြမ်း ဖက်အဖွဲ့အစည်း ခေါင်းဆောင်ဖြစ်မည်ဟု ရဲအဖွဲ့က သံသယရှိခဲ့သည်။ ချောင်ဒရီဟု ယူဆရသူတစ်ဦးကို အိုင်အက်စ် အကြမ်း ဖက်အုပ်စု၏ဂျာနယ်မှ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် ၄င်းက အိန္ဒိယနှင့် မြန်မာ နိုင်ငံတို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply