မေသန်းနု ရဲ့ ငယ်ဘဝကို သရုပ်ဆောင်မယ့် ပိုးအိအိခန့်
ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးမယ့် “ထာဝရအမေ” ဇာတ်ကားမှာ မေသန်းနုငယ်ဘဝနေရာမှ သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒါရိုက်တာခိုင်းတဲ့အတိုင်း သရုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ မေသန်းနုနဲ့တူလို့ ရွေးချယ်ခံရကြောင်းကိုလည်း …
” အန်တီဆင့်ရဲ့ ငယ်ဘဝပုံစံ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အန်တီဆင့်ရဲ့ အပြောအဆို၊ အပြုအမူတွေကို အတတ်နိုင်ဆုံးတူအောင် ကြိုးစား နေပါတယ်။ ဦးမောင်ကလည်း ပိုးအိကို အန်တီဆင့်နဲ့တူလို့ ဒီဇာတ်ကားမှာ ပါဝင်ဖို့အကူအညီတောင်းခဲ့တယ်။ ပိုးအိကို အန်တီဆင့်နဲ့တူတယ်လို့ သတိ ထားမိချိန်က အိပ်မက်ဆုံရာမှာပါကတည်းက သူငယ်ချင်းတွေရော၊ အိပ်မက် ဆုံရာက ဆရာခိုင်မြဲသာတို့ကခေါ်ရင် မဆင့်လို့ပဲခေါ်တယ်။ ပိုးအိကို မဆင့် လို့ခေါ်တော့ စိတ်ထဲမှာ ဘယ်လိုမှမသတ်မှတ်ပါဘူး။ ချစ်စနိုးနဲ့ခေါ်တာလို့ပဲ မှတ်တယ်။ အခုအချိန်မှာ အန်တီဆင့်ရဲ့ ရှေးခေတ်ကပုံစံလေးကို ပြန် လေ့လာနေပါတယ်” လို့ ပိုးအိအိခန့်က ပြောပါတယ်။ ပရိသတ်တွေ ဝေဖန်မှုအပေါ် ကျေနပ်တဲ့ ပိုးအိအိခန့်က ဇာတ်ကားတွေရိုက်ကူးပြီး ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ဘုရားတရားတွေလုပ်ပြီး စိတ်ဓာတ်မြှင့်တင်ကြောင်းလည်း သိရပါတယ်။
” ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ပိုးအိ ဘုရားတရားပဲလုပ်ဖြစ်တယ်။ “ကံမရှိ ဥာဏ်ရှိတိုင်းမွဲ”ဆိုတဲ့စကားပုံလည်းရှိတာပဲ။ ဘယ်လောက်ပဲ ဥာဏ်ရှိပါစေ ကံမပါရင်မဖြစ်ဘူး။ ကြိုးစားနေတဲ့လူတစ်ယောက်အတွက် ကိုယ်ဖြစ်ချင်တဲ့အချိန်မှာ မဖြစ်ရင် စိတ်ဓာတ်ကျတာပဲ။ ပရိသတ်တွေက ညီမကိုသဘာဝသိပ်မဆန်သေးဘူးလို့ ဝေဖန်မှုတွေကိုလည်း ရတယ်။ ဒီလို ဝေဖန်ပေးမှုတွေအပေါ်မှာလည်း ညီမကျေနပ်တယ်” လို့ ဆိုပါတယ်။ အခုလတ်တလောအချိန်ထိ သရုပ်ဆောင်ပိုးအိအိခန့်က ဇာတ်ကားပေါင်း ၁၄ ကား လောက် ရိုက်ကူးထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာလည်း ပိုးအိအိခန့်က “အယ်နီညို” ဇာတ်ကားမှာ ဇေရဲထက်၊ ခိုင်နှင်းဝေတို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။
ချယ်ရီ