ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌမိသားစုနှင့် ပါတီဝင်များ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ရှိ ဒေါ်လှယဉ် (ဝိသာခါ) ဓမ္မာရုံကြီးတွင် ဇူလိုင် ၂၉ရက် နံနက်အရုဏ်ဦး၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းအောင် ဝန်ကြီးချုပ်(ငြိမ်း) ဇနီးဒေါ်ခင်ဌေးမြင့် မိသားစုများက ပုသိမ်မြို့ပေါ် ရပ်ကွက်များနှင့် တစ်ဖက်ကမ်းရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၁၈၄တိုက်တွင် ဝါဆိုဝါကပ်တော် မူကြ သည့်သံဃာတော်အပါး ၂၅၆ဝ တို့အား အရုဏ် ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူခဲ့သည်။

Pathein

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌကိုယ်စား တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီရုံးဝန်ထမ်းများ တက်ရောက်၍ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ကိုယ်စား လှူဒါန်းပေးသည်။

ထို့နောက် ဓမ္မာရုံအတွင်း ပင့်သံဃာ ၁၁ ပါးတို့အား ပင့်ဆောင်ပြီး ပရိသတ်များက ပစ္ဆိမာရုံ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူတော်မူခြင်း၊ ပရိတ်တရားတော်နာကြားခြင်းများ ပြုလုပ်ခဲ့ပြီး ဝါဆိုသင်္ကန်း များကိုဆက်ကပ်သည်။
ထို့နောက်မောင်းထောင်ကျောင်း တိုက်ဆရာတော်က ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။ ဆက်လက်၍ ဧည့်သည်တော်များအား မုန့်ဟင်းခါး၊ အချိုပွဲများနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကိုကိုလတ်


Leave a Reply