တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနိုင်းစည်းဝေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ် မျက်နှာစုံညီလုပ်ငန်းညှိနိုင်းစည်းဝေးကို ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက် (၉)နာရီအချိန်က တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ အလုပ်အမှုဆောင် ဒေါ်တင်မေထွန်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ပါတီဥက္ကဋ္ဌ၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ခရိုင်ဘဏ္ဍာရေးမှူးတို့မှ လည်းကောင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ၊ မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ဘဏ္ဍာရေးမှူးနှင့် အစည်းအဝေးသို့ တက်ရောက်ကြသော ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ကော်မတီများ၊ ရပ်/ကျေးအဖွဲ့ခေါင်းဆောင်များမှ လိုအပ်သည်များအား ဆွေးနွေး တင်ပြခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် တာဝန်များပေးအပ်ခြင်း၊ မြို့နယ်ကော်မတီဝင်များအား သက်ဆိုင်ရာ စည်းရုံးရေးနယ်မြေများအား သတ်မှတ်တာဝန်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို (၁၁း၄၅) မိနစ်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

Credit – Htat Pine Soe


Leave a Reply