ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ရေကြီးဒေသ ပြည်သူများအတွက် အစားအသောက်များ ထောက်ပံ့လှူဒါန်း

မြစ်ရေကြီးမှုကြောင့် နေအိမ်များအတွင်းရေများဝင်ရောက်၍ ရေဘေးဒုက္ခ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများအတွက် ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီအချိန်က အစားအသောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ခွန်သာရပ်ကွက်နေ ပြည်သူများအတွက် ရေရှင်ဘုန်းကြီးကျောင်း၌ (၃၀) ထုပ်ပါ ခေါက်ဆွဲခြောက် (၂၀) ဖာ၊ ရေသန့်၁လီတာဘူး ၆လုံးပါ (၅၀) ကဒ်၊ တပ်ကလေးစုရှိ လူဦးရေ (၃၀) အတွက် ခေါက်ဆွဲခြောက် (၂) ဖာ၊ ရေသန့် (၉)ကဒ်၊ ပေါက်ကုန်းရပ်ကွက် ပညာ့ရိပ်သာအုပ်စု အတွက် ရေသန့်(၂၅)ကဒ် တို့အား ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

USDP ဗန်းမော်မြို့


Leave a Reply