ပင်လယ်ရေပိုင်နက် တရားစီရင်ချက်ကို လေးစားရန် တရုတ်ကို ဖိလစ်ပိုင်တိုက်တွန်း

တောင်တရုတ်ပင်လယ်အတွင်းမှ အငြင်းပွားနေသော ကျွန်းများကို ပိုင်ဆိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ သဘော ထားကို ငြင်းဆန်ခဲ့သော နိုင်ငံတကာခုံသမာဓိရုံး၏ တရားစီရင်ချက်ကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းလိုက်သည်။

13726671_1228559003830277_7315134294849766095_n

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပါဖက်တိုရက်ဆေက မွန်ဂိုလီးယားနိုင်ငံ၌ သောကြာနေ့မှစတင်ကာ နှစ်ရက်ကြာ ကျင်းပမည့် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်သည်။

ထိုထိပ်သီးဆွေးနွေးပွဲသို့ တရုတ်ဝန်ကြီးချုပ် လီကဲချန်လည်း တက်ရောက်မည်ဟုဆိုသည်။ သည်ဟိတ်ဂ်မြို့ရှိ နိုင်ငံတကာ ခုံသမာဓိရုံးက ဇူလိုင် ၁၂ တွင် ထုတ်ပြန်ခဲ့သည့် တောင်တရုတ်ပင်လယ်တွင်း အရင်းအမြစ် ပေါကြွယ်ဝပြီး နည်းဗျူဟာကျသည့် နေရာများအပေါ် တရုတ်၏ ပိုင်ဆိုင်မှုကြေညာချက်သည် တရားမ၀င်ကြောင်း တရားစီရင်ချက်အပေါ် အပြင်းထန်ဆုံး တုန့်ပြန်ချက်ဖြစ်သည်။

တရုတ်နိုင်ငံကမူ အဆိုပါ တရားစီရင်ချက်နောက်ကွယ်တွင် ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသည် ဟု စွပ်စွဲခဲ့ပြီး ဆုံးဖြတ်ချက်ကို ဂရုစိုက်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

Ref:CNA


Leave a Reply