အီတလီတောင်ပိုင်း ရထားနှစ်စင်းတိုက်မှု အနည်းဆုံး ၂၅ ဦး သေဆုံး

2016-07-13-093349

အီတလီနိုင်ငံ တောင်ပိုင်းမှာ လူစီးရထားနှစ်စင်း တိုက်မိခဲ့မှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အီတလီတောင်ပိုင်း ကော်ရာတိုနဲ့ အန်ဒရီယာ မြို့နှစ်မြို့ကြား ဆက်သွယ်ထားတဲ့ ရထားလမ်းမှာ ရထားနှစ်စင်း တိုက်မိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရထားနှစ်စင်းဟာ ခေါင်းချင်းဆိုင် တိုက်မိထားပြီး ရထားလမ်းဘေးမှာ အပျက်အစီးများ ပြန့်ကျဲနေတာ တွေ့ရကြောင်း သတင်းများက ဖော်ပြပါတယ်။ ရထားနှစ်စင်း တိုက်မိတဲ့နေရာကို အီတလီဝန်ကြီးချုပ် မတ်တီယို ရန်ဇီ လာရောက် ကြည့်ရှုခဲ့ပါတယ်။

Source & Photo: Reuters, Telegraph


Leave a Reply