ရက်တစ်ရာ ဘယ်ကလာ ဘယ်ကိုသွား
နိုင်ငံတော်တည်ဆောက်ရေး၊ ဒီမိုကရေစီတည်ဆောက်ရေးတွင် ငြိမ်းချမ်းရေး တစ်ခုတည်းကသာ အရေးကြီးနေသည် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်အချိန်တွေ ကုန်/လင့်သွားမှာလည်း စိုးပါသည်။
အလုပ်အကိုင် ပြဿနာများ၊ ဈေးနှုန်းမြင့်မားနေခြင်းများ၊ လူသုံးကုန်ပစ္စည်း ကိစ္စများ၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များ ကိစ္စမြားမြောင် လူတို့ဘောင်၊ ဘယ်သွားထားမည်လဲ။
အစိုးရသစ် တိတိ ကျကျရေးရလျှင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အပါအဝင် အစိုးရလက်ထက် စီးပွားရေးမူဝါဒ မိန့်ခွန်းပေးသည် မကြားမိ၊ စီးပွားရေးမူဝါဒ မကြေညာနိုင်။ ပသို့ဖြစ်သည်မသိ။ ပညာရှင်များ၏ ပူပူဆာဆာလုပ်သံလည်း မကြားမိ။ မပြောရဲ မဆိုရဲကြဖြစ်နေကြသည်လား မပြောတတ်တော့ပါ။
အရပ်သားစစ်စစ်ဖြစ်ဟု ဆိုသည့် သမ္မတကြီးဖြစ်သော်လည်း အနိုင်ရပါတီ ဥက္ကဋ္ဌ ဖြစ်သူကသာ တင်ထားသော အစိုးရဖြစ်ရာ ထိပ်ဆုံးဝန်ကြီးဌာနသုံးခု၏ အကြီးအကဲသည်ပင် တစ်ယောက်တည်း ဖြစ်သည်။ အရေးကြီး ဆုံးဖြတ်ချက်အားလုံး အတိုက်အခံပုဂ္ဂိုလ်ထံကသာ စီးဆင်းလာပုံရသည်။ သို့ဆိုလျှင် ‘ထိပ်ဝတွင် ပိတ်ဆို့နေသော ပုလင်း’ နှင့် တူလိမ့်မည်ဟု ဝေဖန်ချက်များ တက်လာ၊ ထွက်လာသည်။
လူထုအများစု ထောက်ခံမှုရတာ ဝမ်းသာစရာဖြစ်သော်ငြား စေတနာ ကောင်းဖြင့် ထောက်ပြလိုသူများ အဆဲခံနေရ၊ အငြိုငြင်ခံနေရတာ သို့မဟုတ် ရေငုံနှုတ်ပိတ် နေကြရသည်ကတော့ ထိတ်လန့်စရာ၊ ဝမ်းနည်းစရာကောင်း ပါသည်။
စိတ်အားထက်သန်နေမှုကို ကြိုဆိုပါသည်။ တပ်မကျွံဖို့ သတိပေးလိုပါသည်။ ရက် ၁ဝဝ မသက်သာ သေးပါ။ ကြိုးစားကြပါဦး…။
ရက်တစ်ရာ ဘယ်ကလာ ဘယ်ကိုသွားမည်နည်း။
အတွဲ ၄၊ အမှတ် ၁၈၅၊ ပြည်ထောင်စုနေ့စဉ် အယ်ဒီတာ့အာဘော်မှ ကောက်နှုတ် ဖော်ပြပါသည်။