နည်းပညာနှင့် သက်မွေးပညာဖိုရမ် နေပြည်တော်တွင် နှစ်ရက်ကြာ ကျင်းပမည်

နည်းပညာနှင့် သက် မွေးပညာရေး ဖွံ့ဖြိုးလာစေရန် နည်းပညာနှင့် သက်မွေးပညာဖို ရမ် (TVET Forum) ကို နေပြည် တော်ရှိ MICC-II တွင် ဇူလိုင် ၁၅ ရက်ကစ၍ နှစ်ရက်ကြာကျင်းပ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
သက်မွေးပညာရေးသင်ယူ နိုင်သော အခွင့်အလမ်းများတိုးချဲ့ ဆောင်ရွက်နိုင်ရန်၊ လုပ်သားများ ၏ ကျွမ်းကျင်မှု၊ အရည်အသွေး နှင့် အလုပ်ခန့်ထားနိုင်မှု မြှင့်တင် နိုင်ရန်၊ နည်းပညာနှင့် သက်မွေးပညာရေး၊ လေ့ကျင့်ရေး ကဏ္ဍများ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
‘‘TVET ဖိုရမ်ကို ဇူလိုင် ၁၅ နဲ့ ၁၆ ရက်မှာ နှစ်ရက်လုပ်မယ်။ အဲဒီမှာ ပညာရှင်တွေက ခေါင်း စဉ်အလိုက် ဆွေးနွေးတာ တွေပါ မယ်။ ပြပွဲတွေလည်းပါမယ်’’ဟု ပညာ ရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ TVET (Technical Voca-tional Education and Training) ဖိုရမ်သို့ ပညာရေးဝန်ကြီးဌာန၊ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်တွင်း အဖွဲ့ အစည်းများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများတက်ရောက်မည်ဟု အဆိုပါဝန်ကြီးဌာနမှ သိရသည်။
နည်းပညာနှင့် သက်မွေးပညာကဏ္ဍကို ဒေသလိုအပ်ချက် အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင် ရန် ကျွမ်းကျင်လုပ်သားများ၊ နိုင်ငံ တော်လိုအပ် ချက်အတွက် စက်မှု ဇုန်များ၊ အထူးစီးပွားရေးဇုန်များ တွင် ကျွမ်းကျင် လုပ်သားလိုအပ် ချက်စသည်များကို လေ့လာသုံး သပ်ပြီး အကြံပြုတင်ပြခြင်းနှင့် စီမံကိန်းချမှတ် အကောင် အထည် ဖော်ခြင်းများလုပ်ဆောင်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နိုင်ငံပိုင်သတင်းစာများနှင့် မေလအတွင်း တွေ့ဆုံစဉ်ပြောကြားခဲ့သည်။



