အပြောင်းအရွှေ့ပထမပတ်မှာပင် ပရီးမီးယားလိဂ်ကလပ်များ၏အသုံးစရိတ် ပေါင်သန်း ၃၀၀ ခန့်ရှိ

Primese

နွေရာသီအပြောင်းအရွှေ့ကာလ ပထမပတ်မှာပင် ပရီးမီးယားလိဂ်ကလပ်များ၏ ခန့်မှန်းအသုံးစရိတ်မှာ ပေါင်သန်း ၃၀၀ ခန့် ရှိသွားပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အသုံးစရိတ်နှင့်နှိုင်းယှဉ်မည်ဆိုပါက ပြီးခဲ့သည့်နှစ်အသုံးစရိတ်မှာ ကိုးပတ်တာအတွင်း ပေါင်သန်း ၈၇၀ ရှိသည်။

စီးပွားရေးသုံးသပ်သည့် ဒီလွိုက်၏ခန့်မှန်းချက်အရ ယခုနှစ်တွင် အပြောင်းအရွှေ့ဈေးကွက်ပိတ်မည့် သြဂုတ် ၃၁ မတိုင်မီ ပေါင် တစ်ဘီလီယံ ကျော်သွားနိုင်ချေ ရှိနေသည်။

ယခုနှစ်တွင် စတင်အသက်ဝင်မည့် ပေါင် ၅ ဘီလီယံတန်ရုပ်သံစာချုပ်အရ ကစားသမားများ၏ အစစ်အမှန် မဟုတ်သော ပြောင်းရွှေ့ကြေးမြင့်မားမှုများကြုံနိုင်၍ မျှော်မှန်းမရသည့်ငွေကြေးသုံးစွဲမှုများရှိလာနိုင်သည်ဟု ဘောလုံး စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ရော့ဘ်ဝီလ်ဆင်က ဘီဘီစီစပို့သို့ သုံးသပ်ပြောဆိုသည်။

ရုပ်သံစာချုပ်အရ ယခုနှစ်တွင် ပရီးမီးယားလိဂ်ကလပ်တစ်သင်းချင်းစီသည် ပေါင်သန်း ၃၀ မှ ပေါင်သန်း ၅၀ ကြား ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ယူနိုက်တက်က အမ်ခီတာရန်အတွက် ပေါင် ၂၆ သန်း၊ ဘေလီအတွက် ပေါင်သန်း ၃၀ ပေး ခေါ်ယူထားပြီး အသုံး စရိတ်အများဆုံးဖြစ်နေသည်။

မန်စီးတီးက ဂွန်ဒိုဂန်အတွက် ပေါင်သန်း ၂၀၊ နိုလီတိုအတွက် ပေါင် ၁၃ ဒသမ ၈ သန်းပေးထားရသည်။ ၂၀၁၄-၁၅ ရာသီက ငွေအသုံးအများဆုံးဖြစ်ခဲ့သည့် လီဗာပူးလ်အသင်းက မန်နီအတွက် ပေါင် ၃၄ သန်းအကုန်ကျခံထားသည်။

ပရီးမီးယားလိဂ်သို့ထပ်ရောက်လာနိုင်သည့် ကစားသမားအနေဖြင့် ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာသည် ၂၀၁၂ က ထွက်ခွာခဲ့သည့် ယူနိုက်တက်ထံ ပေါင်သန်း ၁၀၀ ဖြင့်ပြန်ရောက်လာနိုင်သည်ဟု သတင်းများထွက်နေသေးသည်။

-Ref; BBC


Leave a Reply