ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေအား မဲဆန္ဒရှင် ၄၄ ရာခိုင်နှုန်းခန့် ထောက်ခံမည်

ထိုင်းနိုင်ငံမှ မဲဆန္ဒရှင် ၄၃ ဒသမ ၆ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ထောက်ခံနိုင်သည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မကျင်းပမီ တစ်လအလို၌ ကောက်ယူသည့် လူထုသဘောထား စစ်တမ်းတွင် ဖော်ပြ ထားကြောင်း Bangkok Post သတင်းဌာနက ဇူလိုင် (၁ဝ) ရက်တွင် ဖော်ပြထားသည်။

13620744_892274977550753_1850352451597567547_n

ကျန်မဲဆန္ဒရှင် ၃၆ ဒသမ ၈ ရာခိုင်နှုန်းမှာ မဆုံးဖြတ်ရသေးကြောင်း၊ ၁၃ ရာခိုင်နှုန်းသည် ကြားနေမဲပေးမည် ဖြစ်ကြောင်းနှင့် ၆ ဒသမ ၆ ရာခိုင်နှုန်းသာလျှင် ကန့်ကွက်မဲပေးမည်ဖြစ်ကြောင်း ဇူလိုင် (၉) ရက်တွင်
ထုတ်ပြန်သည့် Bangkok Post လူထုသဘောထား စစ်တမ်း၏ ရလဒ်များအရ သိရသည်။

အဆိုပါ သဘောထားစစ်တမ်းကောက်ယူမှုအား နိုင်ငံတစ်ဝန်း၌ အသက် ၁၈ နှစ်အထက်ရှိသူများကို ဇူလိုင် ၅ ရက်မှ ၈ ရက်အထိ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခြင်းဖြင့် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ကျောင်းသားများ ပါဝင်သော အဖွဲ့တစ်ဖွဲ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဆန့်ကျင်ကန့်ကွက်သည့် မဲဆွယ်ခွင့် ပြုလုပ်ရေးတောင်းဆိုနေစဉ် အဆိုပါစစ်တမ်း ကောက်ယူမှုရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆာမွတ်ပရာခန် ပြည်နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း၏ ချို့ယွင်းအားနည်းချက်များနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သော ကျောင်းသား ခုနစ်ဦးအား ဇွန် ၂၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

Myawady Daily


Leave a Reply