အစ္စရေးဝန်ကြီးချုပ် အာဖရိကသို့ သမိုင်းဝင်အလည်အပတ်ခရီးသွားရောက်

13606717_1726708624236305_5464787659005234750_n

ဂျေရုဆလင် ဇူလိုင် ၅

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် တနင်္လာနေ့က အာဖရိကသို့ ပထမဦးဆုံးအကြိမ် အဖြစ် အလည်အပတ်သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ကုလသမဂ္ဂ၌ ပါလက်စတိုင်းတို့ လွှမ်းမိုး လာနိုင်မှုကို တုံ့ပြန်နိုင်ရန်နှင့် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံသစ် ရှာဖွေရန်ဟု ယူဆရသည်။

ဝန်ကြီးချုပ်နေတန်ယာဟု မထွက်ခွာမီက ယခုခရီးစဉ်မှာ သံတမန်ရေးရာ၊ စီးပွားရေးရာနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများအတွက် အလွန်အရေး ပါသည့် ခရီးစဉ်တစ်ခုဟု ပြောခဲ့သည်။ အာဖရိကသို့ သွားရောက်ရသည့်အတွက် ဝမ်းမြောက်ကြောင်း အာဖရိကကိုလည်း အစ္စရေးသို့ တစ်ဖန်လာရောက် လည်ပတ်ရန်ဖိတ်ခေါ်ကြောင်းလည်း ပြောခဲ့သည်။

ဝန်ကြီးချုပ်နေတန်ယာဟု၏ လေးရက်တာ ခရီးစဉ်အတွင်း ယူဂန္ဓာ၊ ကင်ညာ၊ ရဝမ်ဒါနှင့် အီသီယိုပီးယားတို့သို့ သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အစတွင် ကင်ညာ၊ ရဝမ်ဒါ၊ တောင် ဆူဒန်၊ အီသီယိုပီးယား၊ ဇမ်ဘီယား၊ တန်ဇန်းနီး ယား နိုင်ငံတို့အပါအဝင် အာဖရိက ခုနစ်နိုင်ငံခေါင်း ဆောင်များနှင့် အစည်းအဝေးပြုလုပ်သွားမည် ဖြစ်သည်။ အစ္စရေးကုမ္ပဏီ ၅ဝ မှ စီးပွားရေးလုပ်ငန်း ရှင်ပေါင်း ၈ဝ တို့သည် အာဖရိကကုမ္ပဏီများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်ရန် ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာခဲ့ ပြီး ကင်ညာနှင့် အီသီယိုပီးယားတို့၌ ပြုလုပ်မည့် စီးပွားရေး ဆွေးနွေးပွဲတွင်လည်း တက်ရောက်ကြ မည်ဖြစ်သည်။

ကင်ညာသမ္မတ အူဟူရူ ကန်ယက်တနှင့် လိုက်ဘေးရီးယားသမ္မတ အလန်ဂူဆန်ဆာလစ်ဖ် တို့သည် မကြာသေးမီ နှစ်များအတွင်းက အစ္စရေးသို့ လာရောက် လည်ပတ်ခဲ့ဖူးသည်။

(ဆင်ဟွာ)


Leave a Reply