လီယွန်နယ်မက်ဆီထက်နေမာ ဝင်ငွေပိုရမည်

13537660_1042984322463055_589352189734697945_n

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီ သည် လက်ရှိတွင် လုပ်ခလစာ ယူရို ၂၂ သန်း ရရှိလျက်ရှိပြီး တိုက်စစ်မှူး နေမာသည် ဘာစီလိုနာအသင်းနှင့် ငါးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့မည်ဆိုပါက လုပ်ခ လစာ ယူရို ၂၅ သန်း ရရှိမည် ဖြစ်သောကြောင့် မက်ဆီထက် နေမာက ဝင်ငွေ ပိုရရှိမည်ဖြစ်ကြောင်း မာကာသတင်းဌာနက သတင်းဖော်ပြ သည်။

ဘရာဇီးတိုက်စစ်မှူး နေမာသည် မန်ယူ အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့၏ ခေါ်ယူ ရန်ပစ်မှတ်ထားခြင်းကို ခံထားရသည့် ကစားသမားတစ်ဦး ဖြစ်ပြီး ဘာစီလိုနာအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့ပါက မက်ဆီ၏ ကမ္ဘာ့ စံချိန်တင် လစာ ယူရို ၂၂ သန်းကို ကျော်လွန်ကာ အခွန်ပေးဆောင်အပြီး တစ်နှစ် ယူရို ၂၅ သန်းအထိ ရရှိမည် ဖြစ်ကြောင်းလည်း စပိန်နေ့စဉ်သတင်းစာမာကာက အခိုင်အမာ ရေးသားဖော်ပြခဲ့သည်။

The Mirror Daily


Leave a Reply