ဘုလက်ဂျာနယ် ဒီချုပ်အစိုးရသာမက ပြည်ခိုင်ဖြိုးကိုပါ ဝေဖန်ထောက်ပြမည်ဟုဆို

13524286_1225033457531624_6580722173835818168_n

ဒီချုပ်အစိုးရကိုရော ပြည်ခိုင်ဖြိုးကိုပါ ထောက်ပြဝေဖန်မည်ဟု ဘုလက်ဂျာနယ် The Bullet News Journal ထုတ်ဝေ သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေက ပြောကြားသည်။ ဘုလက်လှဆွေဟု နာမည် ကြီးသော ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ် သူကဂျာနယ်သည် ပါတီနှင့်မသက်ဆိုင်ကြောင်း ပြောကြားသည်။ ဂျာနယ်မှာ၎င်း၏ စီးပွားရေး သာဖြစ်ပြီး ပါတီကိုလည်း ဝေဖန် မည်ဖြစ်ကြောင်း ပြောသည်။

‘‘လုံးဝမသက်ဆိုင်ပါဘူး။ စိတ်ချစိတ်ချတွယ်မှာ။ ကြံ့ခိုင် ရေးတစ်ချက်ခေါက်၊ အင်န် အယ်လ်ဒီငါးချက်ခေါက်ပေါ့’’ဟု ၎င်းက ပြောသည်။ ဦးသိန်းစိန် အစိုးရလက်ထက် တွင် သတင်းစာ၊ ဂျာနယ် ၉၀ ရာခိုင်နှုန်းက အစိုးရကို ဝေဖန် ထောက်ပြခဲ့သော်လည်း ဒီချုပ်အစိုးရသစ်ကို ဝေဖန်ထောက်ပြမှု ရှားပါးသဖြင့် အဆိုပါကွက်လပ် ကိုဖြည့်ရန် ဂျာနယ် ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဂျာနယ်ရေရှည်တည်တံ့ရန် ကြော်ငြာရှာပြီး ကြိုးစားမည်ဖြစ် ကြောင်း သိရသည်။ ‘‘ကျွန်တော်က မိတ်ဆွေပေါတော့ ဇေကမ္ဘာ၊ KBZ၊ ဦးဝင်းမောင်၊ ကံပွင့်၊ ပတ္တမြားနဂါး၊ သူတို့ကို ကျွန်တော်ပြောထားတယ်။ သူတို့ကလည်း အားပေး မယ်တဲ့။ အခုဟာက သိန်း ၆၀ လောက် ဝန်ထမ်းစရိတ်ရှိမယ်လို့ တွက်ချက်ထားတာပေါ့နော်။ သိန်း ၇၀ လောက် ကြော်ငြာခရ မယ်ဆို ကျွန်တော် ၁၀ သိန်း လောက်တောင် မြတ်ဦးမှာပေါ့ နော်’’ဟု ဦးလှဆွေက ပြောသည်။

၎င်းသည် တိုင်းရင်းသား လက်နက်ကိုင်အချို့ကို ရည်ညွှန်းပြီး ရွှေလက်နှင့်ခေါ်တုန်းလာပါ။ ဘုလက်နှင့် ခေါ်မှမလာ ပါနှင့်ဟု လွှတ်တော်၌ ပြောကြားရာမှ ဘုလက်လှဆွေဟု အမည်တွင်ခဲ့ ခြင်းဖြစ်သည်။ သို့သော် ဂျာနယ်၏ ဆောင်ပုဒ်ကိုမူ ‘‘ဘုလက်ကျည်ဆံကင်းဝေးဖို့၊ ငြိမ်းချမ်းရေးကိုရှေ့ရှုစို့’’ဟု အမည်ပေးထားသည်။

ဦးလှဆွေသည် တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အငြင်းပွားဖွယ်စကား များပြောကြားလေ့ရှိသောကြောင့် နာမည်ကြီး သည်။


Leave a Reply