နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် တာချီလိတ်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေ တာဝန်ခံ ဦးစိုးနိုင်သည် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှ၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးရှာမွေလရှဲန် တို့နှင့်အတူ ဇူလိုင်လ (၇) ရက် ညနေ (၄) နာရီအချိန်က တာချီလိတ်မြို့၊ မကာ ဟိုခမ်းရပ်ကွက်၊ ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိပြီး ခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ၊ (အရံ) ကော်မတီ ၀င်များ အင်အား အင်အား(၄၀)ဦးနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် နယ်မြေတာဝန်ခံ ဦးစိုးနိုင်မှ ပြီးခဲ့သော ရွေးကောက်ပွဲ အခြေအနေ လက်ရှိပါတီ အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုမှာစပြီး ဗဟိုအဆင့်ထိ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းခြင်းလုပ်ငန်းများနှင့် မျက်နှာစုံညီအစည်းအဝေးကို တနစ်တကျ ဆောင်ရွက်ရေးနှင့်ပတ်သတ်၍ အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများ ပါတီကော်မတီဝင်များမှ မရှင်းလင်းသည့် အချက် များအား မေးမြန်းဆွေးနွေးကာ နယ်မြေအခြေ အနေများကို တင်ပြခဲ့ကြပြီး တွေ့ဆုံပွဲကို ညနေ (၅) နာရီ (၄၅) မိနစ် အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

shwekhaingphyoe.blogspot.com


Leave a Reply