အာဆီယံကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာရွှေတစ်ခုအပါအဝင် ဆုတံဆိပ်လေးခု ရရှိ
ရွှေတံဆိပ်ရရှိခဲ့သည့် ရဲထွန်းနောင်ပြိုင်ပွဲဝင်နေစဉ် (FB.com/Thailand Bodybuilding and Physique Sports Association)
ထိုင်းနိုင်ငံတွင် ကျင်းပ ခဲ့သည့် (၁၃)ကြိမ်မြောက် အရှေ့ တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အဖွဲ့ချုပ်မှ သတင်းရရှိ သည်။
အဆိုပါပြိုင်ပွဲကို ဇွန်လ ၂၁ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ IMPACT Ch-allenger ခန်းမ၌ ကျင်းပခဲ့ပြီး အမျိုးသားဝိတ်တန်းပြိုင်ပွဲ ၁၀ ခု နှင့် အမျိုးသမီးပွဲစဉ် လေးခု စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၁၄ ခု ပါဝင်ခဲ့သည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆုကို အမျိုးသား ကာယ ဗလမောင် ပြိုင် ပွဲ ၇၀ကီလိုတန်းတွင် ရဲထွန်းနောင်က ရရှိခဲ့သည်။ မြန်မာအတွက် ကြေးတံဆိပ်ဆုများကို အမျိုးသား ကာယဗလ မောင်ပြိုင်ပွဲ ၆၅ ကီလိုတန်းတွင် လမင်းတရာ၊ အမျိုးသမီးကာယကြံ့ခိုင်မှု (Model Phy-sique) ၁၆၅ စင်တီမီတာအထက်ပြိုင်ပွဲတွင် ထားဦးဝေနှင့် အမျိုးသမီးကာယကြံ့ခိုင်မှု (Model Physi-que) ၁၆၅ စင်တီမီတာ အောက်ပြိုင်ပွဲတွင် ပိုးအိဖြူတို့က ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အမျိုးသားကာယ ဗလမောင်ပြိုင်ပွဲ ၆၀ ကီလိုတန်း ၌ ယှဉ်ပြိုင်ခဲ့သည့် မောင်မောင်မြင့် မှာ အဆင့်(၄)နေရာ ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ပြိုင်ပွဲအပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု တတိယနေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်အနေဖြင့် လာမည့်စက်တင်ဘာလအတွင်း ဘူတန် နိုင်ငံတွင် ကျင်းပမည့် ၂၀၁၆ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ (The Asian Bodybuilding and Physique Sports Champion-ship 2016) သို့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
(7 Daydaily)