မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ အမရပူရမြို့နယ်ပါတီ မျက်နှာစုံညီ သို့ တက်ရောက်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီ အစည်းအဝေးကို မှန်တန်းရပ်ကွက် အေးမေတ္တာ ခန်းမတွင် ဇွန်လ (၂၅) ရက် မွန်းလွဲ (၁) နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ ပါတီဗဟိုဗလုပ်အမှုဆောင်၊ တိုင်းဒေသကြီါးတီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင် များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကော်မတီဝင်များ၊ လေ့လာသူမြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစု ပေါင်း (၁၂ဝ) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို စတင်ဖွင့်လှစ်ပြီးနောက် သဘာပတိက အဖွင့်အမှာစကား ပြောကြားခဲ့ကာ မြို့နယ်ပါတီကော်မတီ၏ စည်းရုံးရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍနှင့် လူမှုယဉ်ကျေးကဏ္ဍ အစီရင်ခံစာများကို သက်ဆိုင်ရာမြို့နယ်ပါတီ ကော်မတီဝင် အသီးသီးက ဖတ်ကြားခဲ့ပြီး အစည်းအဝေးကို ခေတ္တရပ်နား ခဲ့သည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ လက်ရှိမြို့နယ်ပါတီ ကော်မတီဝင်များက နုတ်ထွက်ခဲ့ကာ မြို့နယ်ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကော်မတီမှ မြို့နယ်ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် လုပ်ထုံး လုပ်နည်း များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပါတီဝင်အသစ်များနှင့် အရန်မြို့နယ် ပါတီကော်မတီဝင်အသစ်များ၏ အမည်စာရင်း တင်သွင်းခြင်း၊ အတည်ပြု ခြင်း၊ ကြေညာခြင်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ရွေးချယ်ခံခဲ့ရသည့် မြို့နယ်ကော်မတီဝင် (၁၅) ဦးအနက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့အား ရွေးကောက်တင်မြှောက်ခဲ့ကြောင်း၊ ရွေး ကောက်တင် မြှောက်ခံရသည့် မြွှိုနယ်ကော်မတီဝင်များနှင့် အရန်မြို့နယ်ကော်မတီဝင်များ သည် သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုပြီးနောက် တာဝန်များ အား အသီးသီးပေးအပ်ခဲ့သည်။
သုတ
Photo- Zaw Aung Htet