ကားလို့ဘတ်ကာရဲ့ သွင်းဂိုးနဲ့ နှစ်တစ်ရာပြည့် ကိုပါအမေရိကဖလား ပြိုင်ပွဲရဲ့ တတိယဆုကို ဆွတ်ခူးသွားခဲ့တဲ့ ကိုလံဘီယာ

13511026_1038479999580154_8564265655311268440_n

နှစ်တစ်ရာပြည့် ကိုပါအမေရိက ဖလားပြိုင်ပွဲ၏ တတိယနေရာ လုပွဲအတွက် အိမ်ရှင် အမေရိကန်အသင်းနှင့် ကိုလံဘီယာအသင်းတို့ ရင်ဆိုင်သွားခဲ့ရာ ကိုလံဘီယာက အမေရိကန်ကို (၀-၁)ဂိုးဖြင့် အနိုင် ရရှိသွားခဲ့သည်။

ခြေရည်တူ နှစ်သင်း တွေ့ဆုံခဲ့သည့် ပွဲတစ်ပွဲ ဖြစ်သလို၊ တတိယနေရာလုပွဲ ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်ခဲ့ပြီး၊ နှစ်ဘက်အသင်းမှ ကစား သမားများသည်လည်း ခပ်ကြမ်းကြမ်း ရင်ဆိုင်သွားခဲ့ကြသည်။

ကမ်းတမ်းသော ကစားပုံများကြောင့် ကွင်းလယ်ဒိုင်က နှစ်ဘက်အသင်းမှ ကစားသမားများကို အ၀ါကဒ်၊ အနီကဒ်များ ပြသကာ ပွဲထိန်းသွားခဲ့ရသည်။

နှစ်ဘက်အသင်းမှ ကစားသမားများသည် ဂိုးသွင်းခွင့်များကို အကြိမ်ကြိမ် ရရှိခဲ့ကြသော်လည်း၊ နှစ်ဘက်အသင်း၏ ဂိုးသမားများ လက်စွမ်းပြခဲ့သောကြောင့် ဦးဆောင်ဂိုး သွင်းယူနိုင်ရန် ရုန်းကန်ခဲ့ကြရသည်။

သို့သော်လည်း ပွဲချိန်(၃၁)မိနစ်တွင်မူ ကိုလံဘီယာတိုက်စစ်၏ သေသပ်လှပသော တွဲလုံးမှ တစ်ဆင့် ကားလို့ဘက်ကာက တစ်လုံးတည်းသော အနိုင်ဂိုးကို အပိုင်ပိတ်သွင်း ပေးနိုင်ခဲ့ပြီး၊ ကိုလံဘီယာအသင်းသည်လည်း ကိုပါရာပြည့်အထိမ်းအမှတ်ပြိုင်ပွဲ၏ တတိယဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိသွားခဲ့သည်။


-Ref: Goal


Leave a Reply