တိုက်စစ်မှူး ဗာဒီကို လက်ဆက်စတာစီးတီးအသင်း ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်

Vardy-Reuters

အင်္ဂလန်တိုက်စစ်မှူး ဗာဒီဟာ လက်ဆက်စတာစီးတီး အသင်းမှာ ဆက်နေဖို့ သဘောတူညီချက် ရသွားပါတယ်။

လက်ဆက်စတာစီးတီးအသင်းက အသက် ၂၉ နှစ်အရွယ် ဗာဒီကို အသင်းမှာဆက်နေဖို့ ၄ နှစ်စာချုပ် ချုပ်ဆို လိုက်ပါတယ်။

ဗာဒီဟာ သူ့ရဲ့သွင်းဂိုးတွေနဲ့ လက်ဆက်စတာကို ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။

ယူရိုပြိုင်ပွဲ မစခင်တုန်းက ဗာဒီကို အာဆင်နယ်အသင်းက ပေါင်သန်း ၂၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

စာချုပ်သစ်အရ တိုက်စစ်မှူး ဗာဒီဟာ လက်ဆက်စတာမှာ တပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်း ၂ သောင်း ရရှိမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဗာဒီဟာ ဝေးလ်အသင်းကို အနိုင်ရတဲ့ ယူရိုပြိုင်ပွဲမှာ ၁ ဂိုး သွင်းယူထားပါတယ်။

(ရိုက်တာ)


Leave a Reply