ထိုင်း လယ်သမားဘဏ် အေတီအမ်မှ ဘတ် ၁ သန်းကျော် ခိုးယူ

KBank-ATM

ဇွန် ၂၁ မနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမှာ ထိုင်းလယ်သမားဘဏ် (ကဆီကွန်ထိုင်း) အေတီအမ် ငွေထုတ် စက်ကနေ ဘတ် ၁ သန်းကျော် ခိုးယူသွားပါတယ်။

ခိုးယူတဲ့သူတွေက ဓာတ်ငွေ့နဲ့လုပ်ထားတဲ့ မီးတောက်ကို အသုံးပြုပြီး အေတီအမ်စက်ကို ဖွင့်ယူသွားတယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။

ရနောင်း ပီပီအမ် မီနီမတ်ရှေ့က အေတီအမ်ကို ဖောက်ထွင်းသွားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပလာယာ၊ ကျောက်လှည့်၊ လက်အိတ်၊ ၀ရိန်ဆော်ရာမှာ အသုံးပြုတဲ့ မှန်တွေ ပါဝင်တဲ့ အညိုရောင် သားရေအိတ်ကို အခင်းဖြစ်တဲ့နေရာမှာ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၆ နာရီ ပီပီအမ် မီနီမတ်ကို ဖွင့်ချိန်မှာတော့ အေတီအမ်စက် ပွင့်နေတာကို တွေ့ခဲ့ရတယ်လို့ ဆိုင်မန်နေဂျာက ပြောပါတယ်။

လုံခြုံရေးကင်မရာကိုလည်း အပေါ်ထောင်ထားတဲ့အတွက် သူခိုးကို မမြင်ရဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၃ ဦး ပါဝင်သလို အနီးနားက လုံခြုံရေးကင်မရာနဲ့ လက်ဗွေရာတွေကို သဲလွန်စရဖို့အတွက် ရဲက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက် ညကလည်း ရနောင်းမြို့ထဲမှာ တခြား အေတီအမ်စက် ၂ လုံးကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

 

(DVB)


Leave a Reply