ထိုင်းတွင် အီး-စီးကရက် သုံးစွဲရောင်းချပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်မည်

E-Cigarettes03-pattayaone

ထိုင်းနိုင်ငံမှာ အီး-စီးကရက် လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်မယ်လို့ အွန်လိုင်း နာမည်ကျော်ရဲဌာန စာမျက်နှာတခုဖြစ်တဲ့ “မာ့တ်ကာ” က အတည်ပြုလိုက်ပါတယ်။

ဥပဒေကို ချိုးဖောက်တဲ့ အီး-စီးကရက် အသုံးပြုသူတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ထုတ်လုပ်သူတွေကို ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနရဲ့ တားမြစ်မူးယစ်ဆေးဝါးစာရင်းထဲမှာ အက်ဖီတမင်း ပါဝင်လာခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံရှိ “မာ့တ်ကာ” အမည်ရ အွန်လိုင်းရဲဌာနမှ ရဲအရာရှိ ဆီရီ ရတ် ပီရန်ကူရဲ့ အကြံပြုချက်အနေနဲ့ ခုလို အရေးယူဖို့ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ဒီ အီး-စီးကရက်ကို တရားဝင် အသုံးပြုခွင့် ပေးထားသလား ဆိုတဲ့အပေါ်မှာ ရှုပ်ထွေးမှုတွေ ရှိနေပါသေးတယ်။

အီး-စီးကရက်တွေဟာ ထိုင်းနိုင်ငံမှာ အခွန်စည်းကြပ်မှုမဲ့ ကုန်စည်တမျိုးအဖြစ် ရှိနေခဲ့တာဖြစ်ပြီး ဒါတွေကို လက်ဝယ် ထားရှိ ပိုင်ဆိုင်တာတွေနဲ့ ပတ်သက်ပြီး အထူးတလည် တားမြစ်ထားတဲ့ ဥပဒေ ရှိမနေဘူးလို့ ဆီရီရတ်က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို လက်ဝယ်ထားရှိတဲ့ ပစ္စည်းတန်ဖိုးရဲ့ ၄ ဆ၊ ဒါမှမဟုတ် ထောင်ဒဏ် ၅ နှစ်၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်လုံး ကျခံစေမယ်လို့ ဆိုပါတယ်။

အီး-စီးကရက် တရားမ၀င် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူတွေကိုတော့ ထောင်ဒဏ် ၁၀ နှစ်၊ ဒါမှမဟုတ် လက်ဝယ်ရှိ ကုန်စည်တန်ဖိုးရဲ့ ၅ ဆ၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်ပေါင်း ကျခံရမှာ ဖြစ်ပါတယ်။

ဒီဥပဒေဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက လွှတ်တော်မှ အတည်ပြုလိုက်တဲ့ ဥပဒေပေါ် အခြေခံပြီး ထွက်ပေါ်လာတာလို့ ထိုင်းအခြေစိုက် ပတ္တယားဝမ်းသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ အီး-စီးကရက်သုံးစွဲတာတွေ၊ အရောင်းမြှင့်တင်တာတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကိုပါ တားမြစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

(DVB)


Leave a Reply