ဟော့ဆန်၏အနာဂတ် အင်္ဂလန်အသင်း ရလဒ်ပေါ် မူတည်၊ ရှုံးထွက်အဆင့် တက်ရောက်ရန် ဘေးလ် ယုံကြည်

England-m-142_1466337905313fw

လန်ဒန်− အင်္ဂလန်အသင်းအခြေ အနေကောင်းပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ကောင်းစွာကစားနိုင်ခဲ့ပါ က နည်းပြ ရွိုင်းဟော့ဆန်နှင့် စာချုပ်ကို သက်တမ်းတိုးသွားမည် ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဂရက်ဒိုက်ခ်က ပြော ကြားသည်။

အုပ်စု (B) တွင် တစ်သင်းမှ အမှတ်ဖြတ်မထားနိုင် သေးသောကြောင့် အားလုံးအတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေသည်။ အင်္ဂလန်သည် ဆလိုဗက်ကီးယားနှင့် သရေကျလျှင်  (၁၆)သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းခွင့် သေချာမည်ဖြစ်သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဆန်၏ အနာဂတ်မှာ အင်္ဂလန်အသင်း၏ နောက်တစ်ဆင့် တက်လှမ်းနိုင်မှု အပေါ်တွင် မူတည်နေသည်ဟု အက်ဖ်အေအကြီးအကဲ ဂရက် နိုက်စ်က ပြောကြားသည်။

‘‘ဆီမီးဖိုင်နယ်ရောက်ရင် အဲဒါအောင်မြင်တာပါပဲ။ အသင်းကောင်းတစ်သင်းနဲ့ တွေ့လို့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ပြီး ကံမကောင်းလို့ ရှုံးခဲ့ရင် ဒါမှမဟုတ် ပင်နယ်တီနဲ့ ရှုံးခဲ့ရင်၊ ဟော့ဆန်ရဲ့အနာဂတ်ကို ဆက်ဆွေးနွေးသွားဖို့ ရှိပါတယ်’’ ဟု ၎င်းက ပြောသည်။ သို့သော်ယူရို ၂၀၁၆ ပြိုင်ပွဲမပြီးမီဟော့ဆန်၏ အနာဂတ်ကို အက်ဖ်အေက ဆုံးဖြတ်မည် မဟုတ်ပေ။ ဟော့ဆန်က အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားအထိ ဆက်လက် တာဝန်ယူရန် ဆန္ဒရှိနေကြောင်း ပြောကြားသည်။ ဟော့ဆန်၏ နေရာကို အစားထိုးမည်ဆိုပါက နိုင်ငံခြားနည်းပြ ဖြစ်လိမ့်မည်ဟု လည်း ဂရက်ဒိုက်စ်က ဆိုသည်။

ထိုအတောအတွင်း ဝေးလ်စ် တိုက်စစ်မှူး ဂါရတ်ဘေးလ်က နောက်တစ်ဆင့်တက်ခွင့်မှာ မိမိ တို့အတွက် အရာခပ်သိမ်းပြည့်စုံ သကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြောကြားသည်။ ဝေးလ်စ်အသင်းသည် တနင်္လာနေ့တွင် ရုရှားကို ဖြတ်ကျော် နိုင်ပါက (၁၆) သင်းအဆင့် တက်ခွင့်သေချာမည်ဖြစ်ပြီး သရေကျ လျှင်ပင် လုံလောက်နိုင်သည်။

‘‘ကျွန်တော်တို့ရဲ့ ကံကြမ္မာက ကျွန်တော်တို့ လက်ထဲမှာ ရှိပါတယ်။ အင်္ဂလန်ကို ရှုံးခဲ့ပေမယ့် နောက်တစ်ဆင့် တက်ခွင့်ရဖို့ စိတ်ဓာတ်တက်ကြွနေကြဆဲပါပဲ’’ဟု ဝေးလ်စ်တိုက်စစ်မှူး ဂါရတ်ဘေးလ်က ပြောသည်။

 —Ref:BBC


Leave a Reply