NASA က အာကာသထဲမှာ မီးရှို့မည်

2016-06-15-001612

အမေရိကန် NASA အဖွဲ့ရဲ့ ပထမဆုံး အာကာသစမ်းသပ်မှုတစ်ခုအဖြစ် အာကာသအတွင်း မီးလောင်မှုဖြစ်ပါက မည်မျှ အတိုင်းအတာအထိ ကြီးမားနိုင်ကြောင်းကို မီးရှို့စမ်းသပ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ အာကာသစခန်းရှိ လူလိုက်ပါခြင်းမရှိတဲ့ ကုန်တင်အာကာသယာဉ်ကို ဇွန်လ ၁၄ ရက်မှာ အာကာသ စခန်းကနေ အဝေးကို ဆွဲထုတ်သွားခဲ့ပြီး အမေရိကန် NASA အဖွဲ့ရဲ့ အာကာသအတွင်း မီးရှို့စမ်းသပ်မှုကို ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

NASA က ပြုလုပ်မယ့် စမ်းသပ်မှုမှာ အာကာသယာဉ်မှူးများ လုံခြုံရေးအတွက် အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ကနေ မတ်လအတွင်းက လွှတ်တင်ခဲ့တဲ့ ကုန်တင်အာကာသယာဉ် Cygnus ကို အာကာသ အတွင်း စမ်းသပ်မီးရှို့သွားမှာဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းကို မထိခိုက်နိုင်တဲ့ အကွာအဝေးမှာ စမ်းသပ်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Source & Photo: Reuters


Leave a Reply