ဥရောပချန်ပီယံ စပိန်က ချက်အသင်းကို တစ်ဂိုးတည်းဖြင့် ကပ်၍ အနိုင်ယ
လက်ရှိချန်ပီယံ စပိန်သည် ယူရိုအဖွင့်ပွဲ၌ ချက်အသင်းကို တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ စပိန်အသင်း၏ တိုက်စစ်ကို ကြံ့ကြံ့ခံခဲ့သော ချက် နောက်တန်း သည် ၈၇ မိနစ်တွင် ကျိုးပေါက်ခဲ့ပြီး အင်နီယေစ တာ၏ ဖြတ်တင်ဘောကို ဂျရတ် ပီကေးက ခေါင်းတိုက်သွင်းယူခဲ့ သည်။
ပီကေးက နောက်တန်း ကစားသမားများကို ကျော်ဖြတ်၍ အင်နီယေစတာဖြတ်တင်လိုက်သော ဘောလုံးကို တည်ငြိမ် အေးဆေးစွာ ဂိုးအဖြစ်ပြောင်းလဲခဲ့သည်။ ယင်းမတိုင်မီ ဒဲလ်ဘော့စကေး၏ အသင်းသားများက ဘောလုံးပိုင်ဆိုင်မှု အသားဂိုးဖန်တီးမှုသာလွန်စွာ ကစားခဲ့သော်လည်း ချက်နောက်တန်းကို မကျော်နိုင်ခဲ့ပေ။ နောက်တန်းကို ကျော်ဖြတ်နိုင်ပါကလည်း ဂိုးသမား ပီတာဆက်ခ်ျက လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
ချက်အသင်းသည် ၆၅ မိနစ်တွင် ဂိုးရရှိရန် ကြီးမားသော အခွင့်အရေးရရှိခဲ့သည်။ သို့သော် ဂီဘရီစီလက်စီ၏ ခေါင်းတိုက်ချက်ကို ဖာဘရီဂက်စ်က ဂိုးစည်းပေါ်မှ ရှင်းခဲ့သဖြင့် စပိန်အသင်းသက်သာရာရခဲ့သည်။
ယခုရလဒ်ကြောင့် စပိန်နှင့် ခရိုအေးရှာတို့က အုပ်စု (D)တွင် သုံးမှတ်စီဖြင့် ဦးဆောင်နေသည်။ ခရိုအေးရှားက တူရကီကို ၁-၀ ဂိုးဖြင့် ယမန်နေ့က အနိုင်ရရှိခဲ့သည်။
စပိန်အသင်းသည် ယခုပွဲတွင် ရှေ့တန်း၌ မိုရက်တာ (အဒူ ရစ်) ၆၂ မိနစ်၊ နိုလီတို (ပီဒရို) ၈၂ မိနစ်၊ ဒေးဗစ် ဆေးလ်ဗားတို့နှင့် ကစားခဲ့သော်လည်း ဂိုးသွင်းရန် အခက်အခဲကြုံခဲ့ပြီး ရှေ့လာမည့် ပွဲစဉ်များအတွက် အဖြေရှာရမည် ဖြစ်သည်။
—Ref:Goal