ရုရှားနှင့် သရေကျခြင်းသည် ရှုံးနိမ့်သလို ခံစားရဟု ရွန်းနေ ပြောကြား
ပါရီ – မာဆေးမြို့၌ နည်းပြ လီယိုနစ်ဆလပ်စကီး၏ ရုရှားအသင်းက နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် တစ်ဂိုးစီ သရေ ရလဒ်ရယူနိုင်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင် ရွန်းနေက ရုရှားကို အင်္ဂလန်သရေကျခဲ့ခြင်းသည် ရှုံးနိမ့်ခဲ့ ရသလို ခံစားရသည်ဟုပြောကြားသည်။
အင်္ဂလန်က အဲရစ်ဒိုင်ယာ၏ အလွတ်တည်ကန်ဘောမှ တစ်ဆင့် သွင်းယူသော ဂိုးဖြင့်ပွဲပြီး ဆုံးတော့မည့် အခြေအနေတွင် နာကျင်အချိန်ပို၌ ရုရှားအတွက် ချေပဂိုးကို ဗာဆီလီဘရီဇူစကီက သွင်းယူခဲ့သဖြင့် တစ်ဂိုးစီ သရေ ကျသွားသည်။
ရွန်းနေသည် အင်္ဂလန် ကွင်းလယ်၌ ကောင်းစွာ ကစားနိုင်ခဲ့ပြီး ၇၇ မိနစ်တွင် နည်းပြ ရွိုင်းဟော့ ဆန်က ၎င်းကို လူစားလဲခဲ့သည်။
‘‘အဲဒီပွဲကို အနိုင်မရခဲ့လို့ ကျွန်တော် စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ တကယ်ကောင်းတဲ့ ခြေစွမ်းတချို့ ပြသနိုင်ခဲ့တယ် ထင်တယ်။ အခွင့်အရေးတွေ ဖန်တီးပြီးပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေး ရခဲ့ပေမယ့် ဘောလုံးဆိုတော့ ဒီလိုပါပဲ’’ ဟု ရွန်းနေက ပြောသည်။
သို့သော် ယခုပွဲတွင်ကစားခဲ့သလိုမျိုး ဆက်လက်ကစားမည်ဆိုပါက မိမိတို့ အဆင်ပြေလိမ့်မည်ဟု ရွန်းနေက ပြောသည်။
အပြုသဘောဆောင်သော အချက် များစွာရှိခဲ့သော်လည်း မိမိတို့ခွင့်ပြုလိုက်ရသည့်ဂိုးသည် အနုတ်သဘောဆောင်ပြီး စိတ်ပျက်စရာ ကောင်းသည်ဟု ၎င်းက ပြောသည်။ သို့သော် ယင်းကို မိမိတို့ လက်ခံရမည်ဖြစ်ပြီး ဆက်လက် ကြိုးစားရမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ဝေးလ်စ်အသင်းနှင့်ပွဲတွင် ယခုကဲ့သို့ ခြေစွမ်းပြ ကစားနိုင်ပါ က မိမိတို့ အဆင်ပြေမည်ဟု ရွန်းနေက ပြောကြားသည်။
-Ref; Goal