နေမာကို ပေါင် ၁၅၃ သန်းဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီ ကြိုးပမ်းနေ
ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ပေါင် ၁၅၃ သန်းအထိ အကုန်အကျခံပြီးခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းက နေမာကို ချုပ်ဆိုထားတဲ့ စာချုပ်သဘောတူညီ ချက်အရ ဒီကစားသမားကို ခေါ်ယူချင်တဲ့အသင်းက ပေါင် ၁၅၃ သန်းခန့် ပေးရမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းက ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ လေးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပေမယ့် ချန်ပီယံလိဂ် အောင်မြင်မှု မရသေးတာကြောင့် နေမာတို့လို ထိပ်သီး ကစားသမားတွေ ခေါ်ပြီး အသင်းကိုတည်ဆောက်ချင်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်း အဓိက တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျလည်း အသင်းက ထွက်ခွာ သွားပြီဖြစ်တာကြောင့် ဒီနေရာကို အစားထိုးဖို့ နေမာကို ကြိုးစားနေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကဘက် နေမာကိုခေါ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မိမိတို့ဘက်က ဆွေးနွေးနိုင်ကြောင်းလည်း နေမာရဲ့ အေးဂျင့်ဖြစ်သူက ပြောထားပါတယ်။ ” ချုပ်ထားတဲ့ စာချုပ်ထဲမှာ အသင်းက ငွေကြေးပမာဏ တစ်ရပ်ပေးရင် ထွက်ခွင့်ပေးမယ့် သဘောတူညီချက် ရှိတယ်လေ။ စုစုပေါင်း ပေါင် ၁၅၃ သန်းပေါ့။ ဒါပေမယ့် ပီအက်စ်ဂျီလိုအသင်း အတွက် ဒါပြဿနာ မဟုတ်ပါဘူး။ သူတို့စိတ်ဝင်စားရင် ကျွန်တော်တို့ ဆွေးနွေးမှာပါ” လို့ အေးဂျင့်ရီဘီယိုက ပြောပါတယ်။
Source : The Sun