အရှေ့တောင်အာရှ လူငယ်ဘော်လီဘော ပြိုင်ပွဲတွင် ခြောက်နိုင်ငံ ယှဉ်ပြိုင်မည်

နေပြည်တော်၌ ကျင်းပ မည့် (၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ လူငယ်ဘော်လီဘော (အမျိုးသား) ချန်ပီယံရှစ် ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အပါအဝင် ပြိုင်ပွဲဝင်စုစုပေါင်း ခြောက် နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်မှ သတင်းရရှိ သည်။

အသက် (၁၈)နှစ်အောက် အမျိုးသားဘော်လီဘောအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ ပြိုင်ပွဲကို လာမည့်သြဂုတ် ၂ ရက် မှ ၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ အင်ဒို နီးရှား၊ စင်ကာပူ စသည့် အာဆီယံနိုင်ငံများနှင့် ဧည့်သည်အသင်းများအဖြစ် မော်လဒိုက်၊ နယူးဇီလန်နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံမှ လက်ရွေးစင် လူငယ် (က) အသင်းနှင့် (ခ)အသင်းဟူ၍ နှစ်သင်းခွဲကာ ယှဉ်ပြိုင်မည် ဖြစ်ပြီး အခြားပြိုင်ပွဲဝင် ငါးနိုင်ငံမှ ပြိုင်ပွဲဝင် တစ်သင်းစီနှင့် စုစုပေါင်းခုနစ်သင်းကို အုပ်စုနှစ်ခု ခွဲဝေကျင်းပမည်ဟု သိရှိရသည်။ သို့သော် လက်ရှိတွင် အုပ်စုခွဲဝေရခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အရှေ့တောင်အာရှ လူငယ် ချန်ပီယံရှစ် ဘော်လီဘောပြိုင်ပွဲကို မြန်မာနိုင်ငံ ၂၀၁၂၊ ၂၀၁၄ များတွင် လက်ခံ ကျင်းပခဲ့ပြီး ယခုပြိုင်ပွဲသည် တတိယအကြိမ်မြောက် လက်ခံကျင်းပမည့် ပြိုင်ပွဲဖြစ်သည်။ ၂၀၁၄ တွင် အမျိုးသား ပြိုင်ပွဲအပြင် အမျိုးသမီးပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်၌ အမျိုးသားပြိုင်ပွဲ တစ်ခုတည်းသာ ကျင်းပမည်ဟု သိရှိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့လက် ရွေးစင်အမျိုးသား လူငယ်ဘော် လီဘောအသင်းသည် ၂၀၁၂ ပြိုင်ပွဲတွင် ပထမ၊ ၂၀၁၄ ပြိုင်ပွဲတွင် ဒုတိယ ရရှိထားသည်။ ထို့အတူ မြန်မာ အမျိုးသမီး လက်ရွေးစင် လူငယ်ဘော်လီဘော အသင်းသည် ၂၀၁၄ ပြိုင်ပွဲတွင် တတိယ ရရှိခဲ့သည်။

(7 Daydaily)


Leave a Reply