နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် အတားအဆီးများ လျှော့ချရေး တရုတ်ကို အမေရိကန် တိုက်တွန်း

13346123_1716750098565491_5233017665179618871_o

ပေကျင်း ဇွန် ၇

နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအတွက် အတားအဆီးများလျှော့ချပေးရန် အင်္ဂါနေ့တွင် အမေရိကန်ထိပ်တန်းအရာရှိ တစ်ဦးက တရုတ်ကိုထပ်မံ၍ တိုက်တွန်း ပြောဆိုခဲ့သည်။

နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး ကိစ္စများတွင် နိုင်ငံခြားကုမ္ပဏီများကို အဓိကထား၍ အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ပင်လယ်ရပ်ခြား နည်းပညာ အသုံးပြုမှုကိုလည်း အမျိုးသား လုံခြုံရေးဥပဒေအရ ကန့်သတ်ချက်များ ထားရှိခြင်းနှင့် အကာအကွယ် ပေးသူအဖွဲ့အစည်းများ၏ စောင့်ကြည့် မှုများနှင့်လည်း ကြုံတွေ့နေရသည်။

တရုတ်နိုင်ငံ၏ဥပဒေ စည်းမျဉ်းစည်းကမ်း အသစ်များသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုသာ ဦးစားပေးထား ခြင်း ဖြစ်ပြီး အခြားလုံခြုံရေးဥပဒေများကြောင့် တရုတ်နိုင်ငံ၌ လုပ်ငန်းလည်ပတ်ရန် ပိုမိုအခက်အခဲဖြစ်စေကြောင်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အုပ်စုဘက်မှ ပြောဆိုမှုများ ရှိနေသည်။

(ရိုက်တာ)


Leave a Reply