MPT Job Fair 2016 မန္တလေးမြို့တွင် ကျင်းပမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မန္တလေးမြို့တွင် အရောင်းကိုယ်စားလှယ်များ တိုးချဲ့ခန့်ထားရန်နှင့် ၀န်ထမ်း ခေါ်ယူရန် MPT Job Fair 2016 အလုပ်အကိုင် အခွင့်အလမ်းပြပွဲကျင်းပမည်ဟု ထုတ်ပြန်သည်။
MPT Job Fair 2016 ကို ဇွန်လ ၁၁ နှင့် ၁၂ ရက်တွင် မန္တလေးမြို့ ၂၆ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံး၌ ကျင်းပမည်ဖြစ်သည်။
မန္တလေးမြို့အပါအ၀င် အနီးအနားရှိ မြို့နယ်များတွင် နေထိုင်သူများကို ဦးစားပေး အလုပ်အကိုင် ခေါ်ယူမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အသက်(၁၈) နှစ်မှ (၄၀) အတွင်းရှိသူများ လျှောက်ထားနိုင်ကြောင်းသိရ သည်။
အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်မြို့တွင် ဇန်န၀ါရီလကုန်က ပြုလုပ်ခဲ့ရာ လာရောက် လျှောက်ထားသူ အများအပြားရှိခဲ့သဖြင့် ၂၀၁၆ တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ၀န်ဆောင်မှုများ ပို၍ချဲ့ထွင်နိုင်ရန် မန္တလေးမြို့၌ ထပ်မံပြုလုပ်ခြင်းဖြစ်သည်ဟု MPT က ဆိုသည်။
MPT အနေဖြင့် ဂျပန်ဆက်သွယ်ရေးလုပ်ငန်းစုနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် ၀န်ထမ်းပေါင်း ရှစ်ထောင်ကျော်ဖြင့် မိုဘိုင်းဖုန်း အသုံးပြုသူပေါင်း သန်း ၂၀ ကျော်အား ၀န်ဆောင်မှုပေး လျက်ရှ်ိကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။
7Day Daily