MediaTek Pump Express 3.0 ဘက်ထရီ နည်းပညာက မိနစ် ၂၀ အတွင်း ၀ မှ ၇၀ ရာခိုင်နှုန်းအထိ အားသွင်း ပေးနိုင်မည်

gsmarena_001_4

MediaTek သည် Computex 2016 တွင် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ဘက်ထရီအားသွင်းနည်းပညာဖြစ်သော Pump Express 3.0 ကို မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ အားသွင်းနည်းပညာသစ်သည် မိနစ် ၂၀ အတွင်း ဖုန်း၏ဘက်ထရီကို ၀ မှ ၇၀ ရာခိုင်နှုန်းအထိ အားသွင်း ပေးနိုင်မည်ဖြစ်သည်။ ၅ မိနစ်မျှ အားသွင်းသည့် အခါတွင်လည်း တစ်နာရီခန့် ဖုန်းပြောဆိုနိုင်မည်ဟု သိရသည်။

ကုမ္ပဏီ၏ နောက်ဆုံးပေါ် အားသွင်းနည်းပညာတွင် မြင့်မားသည့်အားသွင်းနှုန်း ထောက်ပံ့ပေးနိုင်သလို အားသွင်း နေစဉ် ဖုန်း၏အပူချိန် နည်းပါးအောင်လည်း ပြုလုပ်ပေးနိုင်သည်။

၎င်းတွင် ဖုန်းနှင့် charger အပူချိန်လွန်ကဲသည့်ဖြစ်ရပ်များကို ကာကွယ်နိုင်ရန်အတွက် ဘေးကင်းလုံခြုံမှုစနစ်ပေါင်း ၂၀ ကျော် အသုံးပြုထားကြောင်း MediaTek မှ ပြောကြားသည်။

အဆိုပါ အားသွင်းနည်းပညာသစ်ကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ထွက်ရှိမည့် ထုတ်ကုန်များတွင် အသုံးပြုနိုင်မည့် MediaTek Helio P20 platform ပေါ်တွင် ပွဲဦးထွက် တွေ့မြင်ရမည်ဖြစ်သည်။

 

-Ref; internetjournal


Leave a Reply