ရပ်စောက်ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲနှင့် မျက်နှာစုံညီစည်းဝေးများ ကျင်းပ

13319703_1698450493749172_9064400133396467159_n

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီအဆင့်ဆင့်ပြန်လည်ပြင်ဆင် ရွေးချယ်ပွဲနှင့် ရပ်/ကျေး ပါတီမျက်နှာစုံညီ အစည်း အဝေးများကို ပြုလုပ်လျက်ရှိရာ ဟွှေးကျေးရွာအုပ်စု ပါတီ မျက်နာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြှေက်ပွဲအား မေလ (၃၁) ရက်နေ့တွင်လည်းကောင်း၊  ပါမဲကျေးရွာအုပ်စု မျက်နာစုံညီ အစည်း အဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကို မေလ (၃၀) ရက်နေ့ကလည်းကောင်း၊ လွယ်ကိုးကျေးရွာအုပ်စု ပါတီ မျက်နာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကို မေလ (၃၀) ရက်နေ့တွင်လည်းကောင်း မြင်တောင်ကျေးရွာအုပ်စုပါတီ မျက်နာစုံညီအစည်းအဝေးနှင့် ရွေးချယ်တင်မြှေက်ပွဲကို မေလ (၂၉) ရက်နေ့ကလည်းကောင်း၊ မကျီးကုန်းကျေးရွာအုပ်စု ပါတီမျက်နာစုံညီအစည်းအဝေးနှင့် ရွေးချယ် တင်မြှောက်ပွဲကို မေလ (၂၉) ရက်နေ့ကလည်းကောင်း၊ ကောင်းဘို့ကျေးရွာအုပ်စု မျက်နှာစုံညီ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကို မေလ (၂၈) ရက်ကလည်းကောင်း အသီးသီး ကျင်းပပြီးစီးခဲ့သည်။

အလားတူ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရွေးချယ်တင်မြှောက်ပွဲကို မေလ (၂၇) တွင်လည်း ကောင်း၊ မားသဲကျေးရွာအုပ်စု ရွေးချယ်တင်မြှောက်ပွဲကို မေလ (၂၆)ရက်တွင်လည်းကောင်း၊  ကျောက်တောကျေးရွာအုပ်စုနှင့် ဖောင်းတောကျေးရွာအုပ်စုများတွင် ရွေးချယ်တင်မြှောက်ပွဲကို မေလ (၂၅) လည်းကောင်း အသီးသီး ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

USDP – Yatsauk


Leave a Reply