ခရိုင်ပါတီအတွင်းရေးမှူးး အမာခံကေဒါများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်သည် ရပ်/ကျေးများမှ အသစ်ပြန်လည်ဖွဲ့စည်းပြီးသော အမာခံ (ကေဒါ) များနှင့် မေလ (၂၈) ရက် နံနက် (၁ဝ) နာရီ မိနစ် (၂ဝ)က တွေ့ဆုံ၍ မကြာမီ ကာလအတွင်းကျင်းပတော့မည့် မြို့နယ်ပါတီမျက်နှာစုံညီ (အကြို) စည်းဝေးအတွက် သိသင့်သိထိုက် သည်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဒေါ်အေးအေးခိုင် (ယာယီမြို့နယ်ပါတီအတွင်းရေးမှူး)၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးများမှ အမာခံ/ဒု အမာခံများဖြင့် အင်အား (၇၈) ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။
စိုးတင်မြင့်(ရွှေကြို့မြေ)