ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ၉၆ ခုအား မျက်နှာစုံညီအစည်းအဝေးနှင့် ပ၊ ဒု ခေါင်းဆောင် ကွင်းဆင်းရွေးချယ်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယခုလ ၂၂ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ ရပ်/ကျေး ၉၆ ခုသို့ ကော်မတီဝင်ကိုးဦးဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက် ရွေးချယ်ရာ ၂၇ အုပ်စုဖွဲ့စည်းမှုကို မေလ (၂၅) ရက် နံနက် ၁ဝ နာရီတွင် ကျောက်ဆည်မြို့နယ် တောင်နောက်အုပ်စု စည်းရုံးရေးမှူးနေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်နှာစုံညီအစည်းအဝေးနှင့် ကွင်းဆင်းဆောင်ရွက် ရွေးချယ်ရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီများ၊ ကျေးလက် ပါတီနာယကလူကြီးများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်ကေဒါလူငယ်များ၊ စည်း/မှူးနှင့်ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အဖွဲ့(၃)ခေါင်းဆောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော် မတီဝင် ဦးစိုးစိုးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအခန်း(၄) အပိုဒ်(၆)အရ ရပ်ကွက်နှင့် ကျေးရွာများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း ပါတီမှချမှတ်ထားသည့် မူ(၅)ချက်နှင့် ပါတီအဆင့်ဆင့်ရွေးချယ်ပုံများကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် ပါတီနာယကဦးသန်းမောင်၊ ဦးကျော်သန်းနှင့် ရပ်မိ ရပ်ဖများက ချမှတ်ထားသည့် ပါတီမူဖြင့် တောင်နောက်ကျေးရွာ၊ သီပင်ရွာပါတီဝင် ၁ဝ ဦးအား ရွေးချယ်၍ ကိုယ်စားလှယ်ငါးဦး၊ အရန်ငါးဦးအား ကျေးရွာအဆင့်တင်မြှောက်ကာ ပထမခေါင်းဆောင် ဦးသန်းမင်းဦးနှင့်ဒုတိယခေါင်းဆောင်ဦးခင်မောင်စိုးတို့အား အသိ အမှတ်ပြုတင်မြှောက်ခဲ့ကြောင်း သိရသည်။
သီဟထွန်း(နဝရတ်မြေ)