ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်း၍ ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုစတင်

ကမ္ဘောဇကုမ္ပဏီများအုပ်စု၏ အဖွဲ့ဝင် ဖြစ်သောKBZ Gateway ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံ Hughes Network Systems ကုမ္ပဏီတို့ပူးပေါင်း၍ နိုင်ငံအတွင်းရှိ ဆက်သွယ်မှုနည်းပညာဆိုင်ရာ အသုံးချ ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံတကာ ဆက်သွယ်မှု အသိုက်အဝန်းနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးတို့အတွက် မျိုးဆက်သစ် VSAT (Very Small Aperture Terminal) နည်းပညာ မိတ်ဆက်ပွဲ အခမ်းအနားကို မေ ၂၄ ရက် နံနက်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိStrand Square ရုံး အဆောက်အအုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းသို့ သဘောတူဆောင်ရွက်မှုကြောင့် KBZ Gateway အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေး လုပ်ငန်းများနှင့်IT နည်းပညာသုံးစွဲမှု များအတွက် VSAT နည်းပညာသစ်ဖြင့် ဝန်ဆောင်မှုပေးသွားမည် ဟု သိရသည်။

KBZ Gateway ၏ ဂြိုဟ်တုဆက်သွယ်ရေး မြေပြင်အခြေစိုက်စခန်းကို ပဲခူးမြို့တွင် အခြေပြု တည် ဆောက်ထားပြီး စီးပွားရေးလုပ်ငန်းအရပ်ရပ်အတွက် မြန်ဆန်လုံခြုံစိတ်ချသော နိုင်ငံတွင်းနှင့် နိုင်ငံ တကာသို့ ဆက်သွယ်ချိတ်ဆက်မှုများကို စရိတ်စကသက်သာစွာဖြင့် ဆောင်ရွက်ပေးသွားမည်ဟု ကမ္ဘောဇ ကုမ္ပဏီများအုပ်စုမှ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က အဆိုပါ အခမ်းအနားတွင် ပြောကြား ခဲ့သည်။

KBZ Gateway ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်လိုက်သော အမေရိကန် Hughes ကုမ္ပဏီသည် ကမ္ဘာ့ အဆင့်(၁) ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်ပြီး AsiaSat ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း၌ Satellite ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E Mr. Scot Marciel၊ ကမ္ဘောဇကုမ္ပဏီများအုပ်စုမှ အမှုဆောင်ဒါရိုက်တာများ ဖြစ်ကြ သော ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်၊ အမေရိကန်Hughes ကုမ္ပဏီမှ President Mr. Pranav Roach နှင့် ဧည့်သည်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ပြည်မြန်မာ


Leave a Reply