ဂျပန်ငွေကြေးအကူအညီဖြင့် အင်ဒိုနီးရှားဆိပ်ကမ်းတည်ဆောက်မည်

13243861_1711193029121198_5546923046866097225_o

ဂျကာတာ မေ ၂၅

ဂျကာတာအရှေ့ပိုင်းတွင် ဆိပ်ကမ်းသစ် တစ်ခုကို ဂျပန်နှင့်အတူ တည်ဆောက် ရန် အင်ဒိုနီးရှားက ဆုံးဖြတ်လိုက်ပြီး အဆိုပါဆိပ်ကမ်းကို ဂျပန်နိုင်ငံချေးငွေ ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို သည် ဂျီ-၇ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ဂျပန်နှင့် အဆိုပါကိစ္စကို တရားဝင် ဆွေးနွေးသွားဖွယ်ရာရှိသည်။

ဆိပ်ကမ်းသစ်သည် ဂျကာတာမြို့ အရှေ့ဘက်ကီလိုမီတာ ၁၂ဝ အကွာခန့်ရှိ ပါတင်ဘန်၌ တည်ဆောက်မည်ဖြစ်ပြီး နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်လာမည် ဖြစ်သည်။ တည်ဆောက်မှုအတွက် ကုန်ကျ စရိတ်မှာ ဒေါ်လာ၃ ဘီလီယံခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ စီမံကိန်း အတွက် ယှဉ်ပြိုင်ဘက်များစွာနှင့်အတူ ဆိပ်ကမ်းသစ် ဖွံ့ဖြိုးတိုးတက်ရေး အင်ဒို နီးရှားက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပါတင်ဘန် ဆင်ခြေဖုံးနေရာ၌ လျှပ်စစ်ပစ္စည်းစက်ရုံများ၊ အော်တိုမိုဘိုင်း ဂျပန်ကုမ္ပဏီများရှိပြီး စက်မှုဇုန်များ တည်ဆောက်သွားမည်ဖြစ်ရာ ဆိပ်ကမ်းသစ်၌ ကုန်ပစ္စည်း အများအပြား ဖြန့်ဖြူးနိုင်သည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည်ဖြစ်သည်။

ပြီးခဲ့သောနှစ်က အင်ဒိုနီးရှားသည် တရုတ်နှင့် အမြန်ရထားလမ်းစီမံကိန်း ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply