မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ဇွန်လ (၁၉) ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသော ကျောင်းသား၊ ကျောင်းသူများနှင့် အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေး အတွက် ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်ကြောင်း သိရသည်။
Network Associated Examination (NA) စာမေးပွဲသည် Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲ အောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲ ဖြေဆိုလိုသူများအနေဖြင့် ဇွန်လ ၁၆ရက်တွင် နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်သည်။ အသေး စိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဖုန်း-၀၁- ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။