ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိဟု မိုးဇလသတိပေး
ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ၏ အ၀န်းအ၀ိုင်းထဲကို ပြည်နယ်/တိုင်း ၄ ခု သက်ရောက်မှု အန္တရာယ်ခံစားရနိုင်သည့် အတွက် မုန်တိုင်းကို လိမော်ရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မိုးလေ၀သဌာနက ကြေညာထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ မုန်တိုင်းအ၀န်း အ၀ိုင်းထဲရောက်ရှိပြီး မုန်တိုင်းအန္တရာယ်ရှိနေကြောင်း မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။
မိုးလေ၀သဌာန၏ မေလ (၁၉) ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက်တွင် ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာပြည်ကို ဦးတည်မှု မရှိဘဲ အ၀ါရောင်အဆင့်သာရှိကြောင်း ဖော်ပြခဲ့ပါတယ်။
မုန်တိုင်းဟာ ၃ ရက်ခန့်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေဒေသကို ကော့ဘဇားမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး ယင်းသို့ဖြတ်ကျော်နေချိန်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင်(၆၀)မှ မိုင်(၈၀)ခန့်အထိနှင့် ဧရာ ဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ မိုင်(၅၀) အထိ တိုက်ခတ်နိုင်ကြောင်းသိရသည်။
ထို့အပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးကြီးပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ မောင်တောနှင့် စစ်တွေခရိုင် ကမ်းခြေဒေသများတွင် (၁၀)ပေမှ (၁၂)ပေခန့်အထိနှင့် ကျောက်ဖြူခရိုင် ကမ်းခြေဒေသတွင် (၈)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြထားတယ်။
မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျခြင်း မိုးကြီးခြင်းတို့ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ မြေပြိုမှုများလည်း ဖြစ်ပွား နိုင်တဲ့အတွက် သတိပြုနေထိုင်ကြရန်နှင့် လေယာဉ်နှင့် သင်္ဘောများလည်း မုန်တိုင်းအန္တရာယ်ကို သတိပြုခုတ်မောင်း ပျံသန်းကြဖို့လည်း နှိုးဆော်အသိပေးထားတယ်လို့လည်း သိရပါတယ်။
ပြည်မြန်မာ