မင်းဘူးခရိုင်ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

MinBU1

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲတွင် အခမ်းအနားကို မေလ (၁၈) ရက်က မင်းဘူးခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုပါတီကော်မတီဝင်များဖြစ်ကြသော ဦးကျော်သူဦး၊ ဦးအောင်နိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်သီမာလှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စတုတ္တရာမြို့နယ်များမှ မြို့နယ်ပါတီ အတွင်းရေးမှူး များနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်နှင့် ပါတီညီလာခံများ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Credit – Sapal Min


Leave a Reply