စင်္ကာပူနဲ့ ပွဲဦးထွက်တွေ့မယ့် မြန်မာအသင်း

13233055-693084040830411-7647008089556537350-n

ရန်ကုန်မြို့မှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ပွဲဦးထွက်အဖြစ် အိမ်ရှင်စင်္ကာပူ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဍကွင်းမှာ ဇွန် ၃ ရက်ကနေ ၆ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပြီး အိမ်ရှင်မြန်မာ၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ဗီယက်နမ် လက်ရွေးစင်အသင်းတွေ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဇွန် ၃ ရက်နေ့ ၃ နာရီခွဲမှာ  ပထမပွဲစဉ်အဖြစ် ဟာင်ကောင်နဲ့ ဗီယက်နမ်တို့ ကစားမှာဖြစ်ပြီး ဒုတိယပွဲစဉ်အနေနဲ့ မြန်မာနဲ့ စင်္ကာပူတို့ ညနေ ၆ နာရီ ၁၅ မိနစ်မှာ ကစားမှာ ဖြစ်ပါတယ်။

အဆိုပါပွဲတွေအတွက် လက်မှတ်ဈေးနှုန်းကို အထူးတန်းကို ကျပ်သုံးထောင်အဖြစ်သတ်မှတ်ထားပြီး ရိုးရိုးတန်း ကိုတော့ ကျပ်တစ်ထောင်သတ်မှတ်ထားပါတယ်။ အခမဲ့ရုပ်သံလိုင်းတွေက တိုက်ရိုက်ပြသပေးဖို့လည်း စီစဉ်နေတယ် လို့ သိရပါတယ်။

Source: 7Day Daily

Photos Source: MFF


Leave a Reply