ဘိုကိုဟာရမ်အဖွဲ့၏ အသေခံဗုံးခွဲသမား ၏ ငါးပုံတစ်ပုံမှာ ကလေးများဖြစ်ဟု ကုလပြောကြား
နယူးယောက် ၊ ၁၈-၅-၂၀၁၆
ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့က အသုံးပြုခဲ့သည့် အသေခံဗုံးခွဲ သမား ငါးပုံတစ်ပုံခန့် မှာ ကလေးငယ်များ ဖြစ်ပြီး ၄င်းတို့အနက် ထက်ဝက်ကျော်မှာ မိန်းကလေးများ ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
၎င်းအဖွဲ့က အသေခံဗုံးခွဲ သမားအဖြစ် အသုံးပြုခဲ့သည့် ကလေးငယ် အရေအတွက် သည် တစ်နှစ်အတွင်း ဆယ်ချိုးတစ်ချိုး အထိမြင့်တက်လာပြီး ၄င်းတို့အနက် ၇၅ ရာခိုင်နှုန်းခန့်မှာ မိန်းကလေးများ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေးရုံး (OCHA) ၏ ထုတ်ပြန်ချက် အရ သိရသည်။
၂ဝ၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အတွင်း ပါဝင်ခဲ့သည့် ကလေးငယ် အရေအတွက် သည် ၄၄ ဦး ခန့် ရှိပြီး လွန်ခဲ့သော လေးနှစ်နှင့် နှိုင်းယှဉ်လျှင် ပိုမို မြင့်တက်လျက် ရှိကြောင်း အဆိုပါရုံးက ဆက်လက် ထုတ်ပြန် ထားသည်။
ထို့ပြင် ကင်မရွန်းနိုင်ငံ၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၁၆ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်မှု များတွင် ပါဝင်ခဲ့သည့် ကလေးငယ် အရေအတွက်မှာ ၂၁ ဦးထိ စံချိန်တင်ခဲ့ပြီး နိုင်ဂျီးရီးယား နိုင်ငံမှ ၁၇ ဦးဖြစ်ကာ ချက်နိုင်ငံမှ နှစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အလားတူ ၄င်း ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် နိုက်ဂျာ၌ ဇန်နဝါရီလမှ စတင်ကာ အကြမ်းဖက် တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း OCHA က လွန်ခဲ့သော ရက်သတ္တ အတွင်း၌ ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ပြောကြား ထားသည်။
PyiChitThar