လယ်ဝေးပြည်ခိုင်ဖြိုးပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ် ရွှေပြည်အေးကျေးရွာအုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကို မေလ(၁၅)ရက် မွန်းလွဲ (၁) နာရီအချိန်က ရွှေပြည်အေးကျေးရွာ စည်းရုံးရေးမှူး ဦးမြင့်သန်းနိုင် နေအိမ်တွင်ကျင်းပရာ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းရေးခေါင်းဆောင် နေပြည်တော်ခရိုင် ပါတီကော်မတီဝင် ဦးဇော်အောင်၊ မြို့နယ်ပါတီ တွဲဖက် အတွင်းရေးမှူး ဒေါ်တင်နွယ်ဦး၊ မြို့နယ်ပါတီကော်မတီဝင် ဦးဝင်းနိုင်ဦး၊ ဒေါ်နွယ်နွယ်ဝင်း ပါတီဝန်းရံသူ ဒေါ်မေသူထွန်း၊ ဒေါ်ခင်မာစန်း၊ ခရိုင်ပါတီရုံး အငယ်တန်းစာရေး ဦးလင်းနောင် တို့မှ ပြန်လည် ဖွဲ့စည်းရေးနှင့် ကေဒါများ ဆက်လက်စည်းရုံးရေး ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ခရိုင်ပါတီကော်မတီဝင်နှင့် အဖွဲ့သည် ယင်းနေ့ နံနက် (၉)နာရီခွဲက သပြေပင်ကျေးရွာ စည်းရုံးရေးမှူး ဦးမြင့်စိန် အိမ်၌လည်း ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးနှင့် ကေဒါများ ဆက်လက် စည်းရုံးရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Hein Aung