ပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ဖွဲ့စည်းရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီပြည်ထောင်စုနယ်မြေ ပါတီပြန်လည်ဖွဲ့စည်းရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို မေလ (၁၄) ရက် နံနက် (၁၁) နာရီက ပြည်ထောင်စုနယ်မြေရုံးတွင် ကျင်းပရာ ပြည်ထောင်စုနယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် နှင့် ပြည်ထောင်စု နယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းညွန့်တို့ တက်ရောက်အမှာ စကားပြောကြားသည်။

ပါတီဥက္ကဋ္ဌကအမှာစကားပြောကြားရာတွင် မိမိတို့ပါတီသည် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ကြောင်း၊ ပါတီ၏မူဝါဒပြင်ရန် သို့မဟုတ် လူကိုပြင်ရန် ပြန်လည်သုံးသပ်ပြီး လူကို ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည့်အတွက် ရပ်/ကျေးအဆင့်မှစ၍ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်း ရခြင်းဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စု နယ်မြေတာဝန်ခံက မိမိတို့ပါတီသည် အသင်းဘဝကိုအခြေခံ၍ ပါတီအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ပါတီဝင်များသည်အသင်း ဘဝကတည်းက ပါလာသူများဖြစ်ရာ ပါတီ အဖြစ်ပြောင်းလဲခဲ့သည့်တိုင် လူမှုရေးစိတ်ဓာတ်များရှိနေဆဲဖြစ်ကြောင်း၊ ပါတီဘဝရောက်ပြီးဖြစ်၍ ပါတီစိတ်ဓာတ်ဖြင့် မိမိပါတီအနိုင်ရရှိရေးအတွက် လုပ်ရမည့်စိတ်ဓာတ်မျိုးရှိရန်လိုကြောင်းနှင့် ရပ်/ကျေးကေဒါများ ရွေးချယ်ခြင်းအုပ်စု (ပ)ခေါင်းဆောင်နှင့် (ဒု) ခေါင်းဆောင် ရွာခွဲစည်းရုံးရေးမှူး များရွေးချယ်ရာတွင် မူဝါဒနှင့်အညီ ရွေးချယ်ရေး၊ ပြည်သူလူထုနှင့်ပါတီတို့က လေးစားအားကိုးရမည့် သူဖြစ်ရေးနှင့် ကျေးရွာရပ်ကွက်အတွင်း စည်းရုံးရေးကောင်းသည့် ပါတီဝင်များဖြစ်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက်ပြည်ထောင်စုနယ်မြေကော်မတီဝင်များ ခရိုင်နှင့်မြို့နယ် အတွင်းရေးမှူးများက ရပ်/ကျေး ပါတီ ကေဒါဖွဲ့စည်းပြီးမှုများကို အသီးသီးတင်ပြရာတာဝန်ရှိသူများက လိုအပ်သည်များ ဆွေးနွေးမှကြား ခဲ့ကြောင်း သိရသည်။

မြင့်သန်း


Leave a Reply