သေဒဏ်အပြစ်ပေးမှု ပြန်ကျင့်သုံးမည်ဟု ဖိလစ်ပိုင်သမ္မတသစ် ပြော

5164984984984

မေလ ၉ ရက်နေ့ တုန်းက သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရသူ Rodrigo Duterte (Credit: Reuters)

ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ရိုဒီရီဂို ဒူတာတီက သေဒဏ်ပေးမှုကို ပြန်လည် ကျင့်သုံးမည်ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုလည်း လိုအပ်ပါက အသေပစ်သတ်ခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင် သမ္မတသစ်အဖြစ် ရွေးကောက်ခံရသူ ဒူတာတီရဲ့ သဘောထားတင်းမာတဲ့ မူဝါဒတွေအပေါ် အငြင်းပွာမှုတွေလည်း ရှိနေပါတယ်။

အစောပိုင်းက အရက်နဲ့ ဆေးလိပ်သောက်မှု တားမြစ်ပိတ်ပင်ခြင်းနဲ့ ကလေးငယ်တွေ နေအိမ်ပြင်ပ နေထိုင်ချိန် ကန့်သတ်မယ့် အစီအစဉ်တွေကိုလည်း ဒူတာတီက ပြောထားခဲ့ပါတယ်။ ၎င်းက ဖိလစ်ပိုင် သမ္မတနန်းတော်ကို ဆေးရုံအဖြစ် ပြောင်းလဲသွားမယ်လို့လည်း ကတိပေးထားခဲ့သူ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတသစ် ဖြစ်လာတော့မယ့် ဒူတာတီက ကြိုးပေးကွပ်မျက်တဲ့ သေဒဏ်အပြစ်ပေးမှုကို ပြန်လည် ကျင့်သုံးရန် လွှတ်တော်မှာ တိုက်တွန်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင် တောင်ပိုင်း ဒါဗာအိုမြို့မှာ ဒူတာတီက မြို့တော်ဝန်အဖြစ် ရာဇဝတ်မှု နှိမ်နင်းရေးကို ပြင်းထန်စွာ ဆောင်ရွက်ခဲ့မှု မှတ်တမ်းတွေကြောင့် ၎င်းကို ပြည်သူတွေကြား ‘အပြစ်ပေးသူကြီး’ လို့ နာမည်ပြောင် ခေါ်ဝေါ်လေ့ ရှိကြပါတယ်။

ဒါဗာအိုမြို့မှာ ဒူတာတီ မြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ် ရာဇဝတ်မှုကျူးလွန်သူ ၁,၀၀၀ ကျော်ဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အသေပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

-Ref; Duwun


Leave a Reply