Telenor Youth Forum Asia 2016 သို့ မြန်မာလေးဦးတက်ရောက်မည်

13226896_985076584939961_1593833960687930527_n

ထိုင်းနိုင်ငံတွင် ကျင်းပမည့် Telenor Youth Forum Asia 2016 သို့ မြန်မာလေးဦးတက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ Forum ကို မေလ ၂၅ နှင့် ၂၆ ရက်များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယင်းတွင် ပါဝင်မည့် လူငယ် ၂၈ ဦးသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း Global Telenor Youth Forum တွင် ပါဝင်ဆွေးနွေး ခဲ့ကြသူများ ဖြစ်ပြီး တယ်လီနော၏ အာရှဒေသရှိ ဈေးကွက် ၆ ခုကို ကိုယ်စားပြု တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်ကြောင်း၊ နှစ်စဉ် ကျင်းပသော Telenor Youth Forum ကို နိုဘယ် ငြိမ်းချမ်းရေး စင်တာနှင့် ပူးပေါင်းကာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြီး တယ်လီနော ဈေးကွက်ဖြန့်ကြက်ထားသော ဒေသများမှ ထူးချွန်သော လူငယ် များကို ဖိတ်ကြားကာ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ရန် နည်းလမ်းများ ရှာဖွေစေကြောင်း Telenor Myanmar မှ သိရသည်။

ထိုသို့ နည်းလမ်းများရှာဖွေရာတွင် နည်းပညာ၊ လက်တွေ့ဆောင်ရွက်မှုနှင့် ထောက်ပံ့မှုတို့ကို ပူးပေါင်းအသုံးပြုနိုင်သည့် နည်းလမ်းများကို အဓိကထားပြီး တက်ရောက် လာသော နိုင်ငံအသီးသီးမှ ထူးချွန်လူငယ် များ၏ ခေါင်းဆောင်များက လူငယ်အချင်းချင်း ချိတ်ဆက်ကာ အသိပညာနှင့် အတွေးအခေါ်များကို ဖလှယ်ကြခြင်း ဖြစ်ကြောင်း၊ တက်ရောက်သူများကို အဖွဲ့များဖွဲ့စေမည် ဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၊ UNICEF Global Innovation Centre နှင့် နိုဘယ်ငြိမ်းချမ်းရေး စင်တာတို့မှ သင်ပြပေးမည့် သူများ၊ ဟောပြောသူများ၏ ဦးဆောင်မှုဖြင့် နည်းဗျူဟာတည်ဆောက်ပုံ၊ အစီအစဉ် ရေးဆွဲမှုနှင့် ဖြေရှင်းမှု ပေးအပ်ချက်စသည့် အကြောင်းအရာများကို နည်းလမ်း ပြပေးမည်ဖြစ်ကြောင်း သိရသည်။

Global Telenor Youth Forum ကို စတုတ္ထမြောက်နှစ် အဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၊ ဒီဇင်ဘာလ၊ နိုဘယ် ငြိမ်းချမ်းရေး ဆုချီးမြှင့်သောအပတ်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် အစီအစဉ်နှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုသိရှိလိုပြီး ပါဝင်ခွင့်ရရန်မည်သို့ ဆောင်ရွက်ရမည်ကို လေ့လာနိုင်ရန် https://www. telenor. com/youthforum/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၇၈၁၀၀၂၅၇၁၊ ၀၉-၇၈၁၀၀၂၅၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။


Leave a Reply