သမ္မတနေရာ အမျိုးသားစစ်တမ်းတွင် ဒေါ်နယ်ထရန့်နှင့် ဟီလာရီကလင်တန် ထောက်ခံမှု တူညီနေ
ယမန်နေ့က ထုတ်ပြန် ခဲ့သော Reuters/Ipsos လူထု ထင်မြင်ချက်စစ်တမ်း၌ ရီပက်ဘ လေကန် ဒေါ်နယ်ထရန့်နှင့် ဒီမိုက ရက်တစ်ပြိုင်ဘက် ဟီလာရီက လင်တန်တို့ ထောက်ခံမှု တူညီ စွာ ရရှိနေကြောင်း တွေ့ရှိရပြီး နိုဝင်ဘာ ၈ ရက် သမ္မတ ရွေး ကောက်ပွဲများတွင် မူလခန့်မှန်း ထားသည်ထက် ပိုမိုခက်ခဲစွာ ယှဉ် ပြိုင်ရမည်ဟူသော ကနဦး အမှတ် အသား ပြသနေသည်။
ရွေးကောက်ပွဲ မကျင်းပမီ ခြောက်လအတွင်း အပြောင်းအ လဲများစွာ ဖြစ်ပေါ်နိုင်သော်လည်း ဘီလျံနာသူဌေးထရန့်၏ သမားရိုးကျ မဟုတ်သော နည်းလမ်းများ ဖြင့် အိမ်ဖြူတော်ရောက်ရှိရေး ကြိုးပမ်းမှုကို မပယ်ရှားရန် မစ္စစ် ကလင်တန်အဖွဲ့အား သတိပေး ခြင်းဖြစ်သည်။
ဒေါ်နယ်ထရန့်သည် ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ကျန် ရှိသော ပြိုင်ဘက်နှစ်ဦးကို အလဲ ထိုးနိုင်ခဲ့ပြီး ရီပက်ဘလေကန် အ မည်စာရင်းတင်သွင်းမှု ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့၍ ၎င်းအပေါ် ထောက် ခံမှု များပြားလာခဲ့သည်ဟု စစ် တမ်းက ဖော်ပြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကောက်ယူခဲ့သော စစ်တမ်း တွင် မဲဆန္ဒရှင် ၄၁ ရာခိုင်နှုန်းက ထရန့်အပေါ် ထောက်ခံကြပြီး ၄၀ ရာခိုင်နှုန်းက မစ္စစ်ကလင်တန် အပေါ် ထောက်ခံကြသည်။
၁၉ ရာခိုင်နှုန်းကမူ မဆုံး ဖြတ်ရသေးဟု တုံ့ပြန်ကြသည်။ ယင်းစစ်တမ်းသည် လူပေါင်း ၁၂၈၉ ဦးကို ငါးရက်တာအတွင်း မေးမြန်းထားခြင်းဖြစ်သည်။
‘‘ဒီလိုကိန်းဂဏန်းတွေ မြင်ရတာ အရမ်းပျော်ပါတယ်။ ဦး တည်ချက်မှန်နေပါတယ်’’ဟု ဒေါ်နယ်ထရန့်က ရိုက်တာသတင်း အား စာရေးပေးသော မှတ်ချက် တွင် ပြောကြားသည်။
မစ္စစ်ကလင်တန်၏ မဲဆွယ် အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပေ။ မေလ ၄ ရက်က ကောက်ယူ ခဲ့သော စစ်တမ်းတွင် ထရန့်အ ပေါ် ထောက်ခံမှု ၄၈ ရာခိုင်နှုန်းရှိခဲ့သည်။ —Ref: Reuters