ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ် ဆက်လက်ရပ်တည်

4353253783

ပြိုင်ဘက် ဘာစီလိုနာနှင့် မန်ယူအသင်းတို့ကို ကျော်၍ ရီးရဲလ်အသင်းသည် ကမ္ဘာ့အချမ်းသာဆုံးဘောလုံး အသင်းအဖြစ် စတုတ္ထနှစ်မြောက် ဆက်တိုက်ရပ်တည်နေကြောင်း အမေရိကန်စီးပွားရေးမဂ္ဂဇင်း ဖို့ဘ်စ်၏ လေ့လာမှုက ဖော်ပြ သည်။

စပိန်လာလီဂါကို ဦးဆောင် ထားသော ဘာစီလိုနာအသင်း သည် ယင်းစာရင်းတွင် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၅၄၉ ဘီလီ ယံဖြင့် ဒုတိယနေရာ၌ ရှိနေပြီး မန် ယူက တတိယနေရာတွင် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၃၁၇ ဘီ လီယံဖြင့် ရပ်တည်နေသည်။

ကမ္ဘာ့အချမ်းသာဆုံး ရီးရဲလ် ၏ တန်ဖိုးသည် ကန်ဒေါ်လာ ၃ဒသမ ၆၄၅ ဘီလီယံရှိပြီး နှစ်စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ ၆၉၄ သန်းရှိသည်။ ဖို့ဘ်စ်မဂ္ဂဇင်းက ဖော်ပြသည့် ကမ္ဘာ့အချမ်းသာဆုံးဘော လုံးအသင်း ၁၀ သင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှ အာဆင် နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးနှင့် စပါးအသင်းတို့လည်း ပါဝင်သည်။

 အီတလီမှဂျူဗင်တပ်အ သင်းသည် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၂၉၉ ဘီလီယံဖြင့် နံပါတ် (၉) နေရာတွင် ရှိနေပြီး စပါးက နံပါတ် (၁၀) နေရာ၌ရှိနေသည်။

ဂျာမနီဘွန်ဒက်စ်လီဂါချန် ပီယံဘိုင်ယန်မြူးနစ်အသင်းသည် တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၆၇၈ ဘီလီယံဖြင့် အာဆင်နယ်ကို ကျော်ဖြတ်၍ နံပါတ် (၄) နေရာ တွင် ရှိနေသည်။       —Ref:AP


Leave a Reply