မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ပဏာမ လူစာရင်းထုတ်ပြန်

4182852482824

မကြာခင်ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ နိုင်ငံတကာပွဲတွေအတွက်   မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းရဲ့ ပဏာမကစားသမား ၂၆ ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် မေလ ၂၈နေ့ မလေးရှား လက်ရွေးစင် အသင်းနဲ့ ကစားမယ့် ပွဲစဉ်နဲ့ ဇွန်လဆန်း ကျင်းပမယ့်  AYA BANK CUP 2016 ပြိုင်ပွဲတွေအတွက်  ပဏာမ လက်ရွေးစင် ကစားသမားစာရင်းကို ထုတ်ပြန်လိုက်တာပါ။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလူစာရင်းမှာ  ရှေ့တန်း -ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဆမ်လန်မန် (ချင်း)၊ ၀င်းနိုင်စိုး (ရတနာပုံ)တို့ ပါဝင်ပြီး  အလယ်တန်း- လှိုင်းဘိုဘို၊ ရဲကိုဦး၊အောင်သူ၊မျိုးကိုထွန်း (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ သီဟဇော် (ဧရာဝတီ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)တို့ ပါဝင်ပါတယ်။

နောက်တန်းကစားသမားတွေအဖြစ်  ကျော်ဇင်လွင်၊ နန္ဒကျော်၊ နိုင်လင်းထွန်း (မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သီဟထက်အောင် (ရန်ကုန်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဟိန်းသီဟဇော် (ရှမ်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ကိုကိုဟိန်း( ဇွဲကပင်ယူနိုက်တက်)နဲ့  ဂိုးသမားတွေဖြစ်တော့  ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်း မြန်မာ)၊ ရန်အောင်လင်း (ရတနာပုံ)တို့ကို ရွေးချယ်ထားပါတယ်။

ခုရွေးချယ်ထားတဲ့ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့  မေလ ၁၀  ရက်နေ့ကစပြီး  AYA BANK CUP 2016 ပြိုင်ပွဲ ပြီးတဲ့အထိ  စခန်းသွင်းလေ့ကျင့်မှုတွေ လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။။

မြန်မာလက်ရွေးစင်အသင်းနဲ့ မလေးရှား အသင်းတို့ရဲ့ ခြေစမ်းပွဲကို လာမယ့် မေလ ၂၈ ရက်နေ့ ရန်ကုန် သုဝဏကွင်းမှာ ကျင်းပသွားဖို့ရှိနေတာပါ။

AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲကိုတော့  ဇွန် ၃ ရက်ကနေ ၆ ရက်ထိ ရန်ကုန်မြိုမှာ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် မြန်မာ့လက်ရွေးစင် အသင်းအပြင် ဟောင်ကောင်၊ စင်ကာပူနဲ့ ဗီယက်နမ် လက်ရွေးစင် အသင်းတွေ လာရောက် ယှဉ်ပြိုင်ကြမှာပါ။  DVB Burmese


Leave a Reply