ကယားပြည်နယ် ပြည်ခိုင်ဖြိုါ် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၏ ဧပြီလ (၂၇)ရက်နေ့ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း လမ်းညွှန်ခဲ့မှုများကို အကောင်အထည် ဖော်သည့်အနေဖြင့် ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ ဦးဆောင်၍ ပြည်နယ် ပါတီဝင်များ၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ် အတွင်းရေးမှူးများ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များသည် ယခုလ (၅)ရက်နေ့နှင့် (၉)ရက်နေ့တို့တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးတွင် အဓိကကျသော အောက်ခြေရပ်ကွက်နှင့် ကျေးရွာအဆင့် ပါတီကေဒါ ပြင်ဆင် ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။
မေလကုန်တွင် ရပ်/ကျေးအဆင့် အပြီးသတ်ရွေးချယ်ထားနိုင်ရေး၊ ဇွန်လတွင် မြို့နယ်၊ ဇူလိုင်လတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးနှင့်ခရိုင်၊ သြဂုတ်လတွင် ဗဟိုညီလာခံအဆင့်ဆင့်တို့ဖြင့် ပါတီကို ပြန်လည်တည်ဆောက်သွားကြရမည်ဖြစ်၍ ယခု ရပ်/ကျေးအဆင့်ကို သတ်မှတ်ထားသော စံနှုန်း များနှင့်အညီ ရွေးချယ်ထားကြရန် အဓိကဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်ကြ မည့်အချိန်ဇယားနှင့် ကုန်ကျမှုကိုတင်ပြကြရာ ပြည်နယ်ပါတီမှ လုပ်ငန်းအဆင်ပြေ ချောမွေ့စေရေး အတွက် ကူညီဆောင်ရွက်ရန် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အလားတူ ဗဟိုကော်မတီဝင်နှင့် ပြည်နယ်ကော်မတီဝင်များသည် ယခုလ(၆)ရက်နေ့က ဘောလခဲ မြို့သို့ သွားရောက်၍ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တို့မှ အတွင်းရေးမှူးများနှင့် ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကော်မတီဝင်များနှင့် ဘောလခဲခရိုင် ပါတီရုံး တွင် တွေ့ဆုံကာ ရပ်/ကျေးပါတီကေဒါရွေးချယ်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကယားလေး(လွိုင်ကော်)